တစ်ခုခုဆို သူကသာ အရင်ဉီးအောင်ဆူသည်။ ဂျစ်သည်။ ပြသနာရှာတာမျိုးမဟုတ်ပဲ သူလိုချင်တဲ့အဖြေမရမချင်း မေးနေတတ်သည်။ တခါတလေ မောင်ဆိုတဲ့စကားလုံးကို အထပ်ထပ်အခါခါခေါ်နေတတ်သည်။

ဘယ်အရာမဆို လက်ခံနားထောင်ပေးတတ်သလို ယုံကြည်ပေးတတ်သည်။ ပြသနာတွေဖြစ်တိုင်း ဒေါသတွေအရင်ထွက်တတ်တဲ့ ထွဋ်ခေါင်က အခုတော့ အဲ့လိုမဟုတ်။

နှစ်ယောက်တည်းသွားချင်သည်ဆိုတာကြောင့် ကားကို သီဟကိုယ်တိုင်မောင်းရသည်။ ဘေးခုံမှထိုင်နေသူရဲ့ လက်အား ဆွဲယူလိုက်ကာ အုပ်မိုးပြီးကိုင်တော့ ခပ်ပြုံးပြုံးကြည့်လာ၏။

ဆုပ်ကိုင်ထားသောလက်ကို ဖွဖွလေး နမ်း၏။ တစ်သက်တာလုံး ချစ်ရသူရဲ့အနားမှာ နေရမယ်ဆိုတဲ့အသိက ဘာနဲ့မှ မတူအောင် အဖိုးတန်လှသည်။ ပျော်စရာတွေရှိသလို ဝမ်းနည်းစရာတွေလည်းရှိကောင်းရှိလာနိုင်သည်။ သို့သော် ဒါတွေကို နှစ်ယောက်သား အတူတူဖြတ်သန်းရမယ်ဆိုရင် ဘာတွေကိုများ ကြောက်နေရပါဉီးမလဲ။

" မောင် "

" ဗျာ "

" ငါ့ကို ချစ်လား "

" ချစ်တယ် "

' ချစ်တယ် ' ဆိုတဲ့စကားအား ပြန်ကြားရချိန် ကျေနပ်သွားသူက မြတ်ထွဋ်ခေါင်ကိုယ်တိုင်ပင်ဖြစ်သည်။ ' ချစ်တာပေါ့ ' ဆိုတဲ့စကားထက် ' ချစ်တယ် ' ဆိုတဲ့စကားကို ပိုကြားချင်သည်မှာ ထွဋ်ခေါင်ရဲ့ ဆန္ဒတစ်ခုပင်။

ဒါကို မောင် ဘယ်လိုများသိနေပါလိမ့်။ ဒါမှမဟုတ် စိတ်ချင်းများဆက်နေသည်လား။

" ငါလည်း မောင့်ကို ချစ်တယ် "

" ဒီနေ့ ထူးထူးဆန်းဆန်းကို ဖြစ်နေပါလား အချစ် " လို့ ပြောကာ လက်ကို ဖွဖွလေး နမ်းပြန်၏။

" အဲ့တော့ မောင်က မကြိုက်ဘူးလား "

" မကြိုက်ဘူးဆိူတာ ရှိမလား အချစ်ရဲ့၊ မောင်က အချစ်နဲ့ပတ်သတ်ရင် အကုန်သဘောကျတယ် "

" ပြီးမှ စိတ်ကုန်သွားတယ်ဆိုတဲ့အသံ မကြားချင်ဘူးနော် "

" စိတ်ကုန်စရာလားဗျာ၊ မောင့်မှာ ဒီတစ်ယောက်ပဲ ရှိတာကို "

မောင့်မူပိုင် (Completed) Where stories live. Discover now