သူမျက်ရည်ဖြိုင်ဖြိုင်ကျရင်းအန်ကယ့်ရှေ့မှာဒူးထောက်ကာ..သူ့ရဲ့အတိတ်ကဖြစ်ရပ်တွေကိုအန်ကယ့်ကိုပြောပြတော့..အန်ကယ်ကလည်း အံ့သြမှင်သက်နေခဲ့တာ...

'ဒါကြောင့်...သမီးက ဦးထွဋ်မှဦးထွဋ်ဖြစ်နေခဲ့တာပဲ...အစွဲအလမ်းကြီးလိုက်တာသမီးရယ်'

ထိုနေ့ကစပြီး ဦးထွဋ်က စံအိမ်ကရေကူးကန်ကြီးကိုမြေတွေဖို့ပြစ်သလိူ ရေချိူးခန်းထဲက bathtubတွေကိုပါ အကုန်ဖယ်ရှားပြစ်ခဲ့သလို..သွန်းကိုမျက်စိအောက်ကကိုအပျောက်မခံတော့ဘဲ...သဲသဲလှုပ်ချစ်ပေးခဲ့သည်...ဂျင်ဂျင်းကတော့ရေကူးကန်မရှိတော့၍စိတ်ဆိုးပြီး ဦးထွဋ်မိဘတွေအိမ်မှာ သွားနေနေတာကြောင့် စံအိမ်ကြီးမှာ သွန်းတစ်ယောက်နားအေးပါးအေးဖြစ်နေတော့သည်။ဒီနေ့ကျောင်းပိတ်ရက်မလို့ သွန်းသူငယ်ချင်းတွေလာလည်ကြတော့..ဦးထွဋ်ကိုယ်တိုင် မီးဖိုခန်းဝင်ကာ သွန်းးတ်ို့စားချင်တာတွေကိုမညီးမညူချက်ကျွေးနေတာ စားဖိုမှူးကြီးလိုပင်။

သွန်း တိူ့ကတော့ ပန်းခြံထဲမှာ အာလူးဖုတ်နေကြတာဖြစ်သည်။

'ဟဲ့...မိသွန်း...နင်တို့မဂ်လာဦးပီးပလား'

'Noooo'

'ဟာ..လက်ထပ်ထားတာဖြင့်၁လပြည့်တော့မယ်...ဦးထွဋ်ကဘာသားနဲ့ထုထားတာမလို့ ခုချိန်ထိဘာမှမဘာသေးတာလဲဟ'

ယုက အားမလိုအားမရနဲ့ပြောလာတော့..

'နင်တို့အဲ့လောက်သိချင်နေရင် နင်တို့ယောကျားယူလိုက်ပါလား..နဖူးတွေ့ဒူးတွေ့သိရတာပေါ့'

'ဟွန်းး..ငါ့ကိုကိုက ရှေ့နှစ်ဆိုပြန်လာမှာ...အဲ့ကျမှယူပြမယ်စောင့်ကြည့်နေလိုက်'

ကဲကဲက အားကျမခံဝင်ပြောတော့ ယုကသက်ပျင်းတချချ...

'ငါ့ မောင်တော်ကတော့...စာအုပ်ပုံထဲကကိုထွက်မှာမဟုတ်ဘူး..အဲ့စာအုပ်တွေနဲ့ပဲလက်ထပ်တော့မယ်နဲ့တူတယ်'

ယုပြောတဲ့စကားကြောင့် သွန်းရော..ကဲကဲရော..ရယ်လိုက်ရတာဆိုတာ...စာဂျပိုးကိုရည်းစားတော်မိလို့..ယုတစ်ယောက်ကြေကွဲ။...ကဲကဲက ယုက်ိုမျက်စပြစ်ပြပြီး သွန်းရဲ့ရင်ဘတ်ကိုနှစ်ယောက်လုံးကစိုက်ကြည့်နေကြတော့ သွန်းနေရတာမလုံတော့။ရင်ဘတ်ကိုလက်နှစ်ဖက်နဲ့ကာထားလိုက်ပြီး

~~ဦး~~(Completed)Where stories live. Discover now