မှော်ဆရာဟာ ရေသူထီးတစ်ကောင်ဖြစ်ပေမယ့် ရေသူမသွေးတစ်ဝက်သာ ပါရှိပြီး လူသားသွေးတစ်ဝက်ရော ပါရှိသူဖြစ်တာကြောင့် လီအာရဲ့ခမည်းတော်ဟာ ပြည်နှင်ဒဏ်ပေးခံရထားသူဖြစ်သည်၊ဒါပေမယ့် လီအာဟာ စူးစမ်းတတ်တဲ့ကလေးတစ်ယောက်ဖြစ်တာကြောင့် မှော်ဆရာနဲ့တွေ့ကာ သိကျွမ်းခဲ့ဖူးသည်၊

လီအာတစ်ယောက် ရေအောက်တိုင်းပြည်ကနေ ထွက်ခွာလာပြီး ရေနက်ပိုင်းရဲ့ပိုနက်နဲသည့်အပိုင်းကို ဆင်းသက်လာတော့သည်၊ထိုနေရာဟာ မှောင်မဲနေကာ ကြောက်စရာကောင်းပေမယ့် လီအာ ရှိသမျှ သတ္တိတွေစုကာ ကူးလာတော့သည်၊

"အဲလ်!"

"အဲလ်ရီ!"

လီအာ အတတ်နိုင်ဆုံး သူရဲ့အသံတွေကို မတုန်တက်သွားအောင် ထိန်းလိုက်သည်၊ထို​နောက်မှာ သူဟာ ကြောက်ကြောက်လန့်လန့်နဲ့ကူးလာတော့သည်၊

"အဲလ်!!!"

ရေနက်ပိုင်းရောက်တော့ သူဟာ ဘယ်ဘက်သွားရမှန်းမသိတာကြောင့် ရှေ့ကိုသာ ဖြေးဖြေးလေးကူးခတ်နေတော့သည်၊

"ဘာလုပ်နေတာလဲ" အသံသြသြယောကျ်ားတစ်ယောက်ထွက်လာချိန်မှာ လီအာ လန့်ဖြန့်ကာ အော်လိုက်ပြီး ပြေးရန်လုပ်ချိန်မှာ သူရဲ့အမြှီးဟာဆွဲခံလိုက်တော့သည်၊

"ငါ...ငါက အရသာမရှိဘူး... "

လီအာရဲ့မျက်ဝန်းပြာများဟာ မျက်ရည်များဝေ့တက်နေပြီး သူဟာ အမြှီးကိုရုန်းရင်းပြောလိုက်တော့သည်၊ဒါပေမယ့် ကြမ်းတမ်းစွာဆုပ်ကိုင်ခံထားရတဲ့အေးစက်စက်လက်ကြောင့် သူမှာ အော်လည်းမအော်ရဲပေ၊

"လီအာ ငါပါဟ"

လီအာဟာ နောက်လှည့်ကြည့်လိုက်တော့ အနက်ရောင်ဆံပင်ရှည်များဖြင့် သူ့ကိုစူးစိုက်ကြည့်နေတဲ့ခရမ်းရောင်မျက်ဝန်းများပိုင်ဆိုင်ထားတဲ့ကြည့်သားတဲ့ယောကျ်ားတစ်ယောက်ကိုတွေ့လိုက်ရတော့သည်၊

ထိုအခါမှ သူ့မှာ သက်ပြင်းချနိုင်သွားပြီး သူရဲ့အမြှီးကို ပြန်လည်ရုန်းကန်ကာ မကျေမနပ်ချက်ဖြင့် ဖွဖွလေး အဲလ်ရီကို ရိုက်လိုက်သေးသည်၊

"ငါ နှလုံးရပ်ပြီး သေပြီမှတ်နေတာ"

"ဘာကိစ္စရှိလို့ လာတာလဲ" အဲလ်ရီဟာ လီအာကို သိပ်အဖက်မလုပ်တော့ပဲ ဘေးနားက ထူးထူးဆန်းဆန်းအပင်တွေကို ဆက်ကာနုတ်နေတော့သည်၊

You've reached the end of published parts.

⏰ Last updated: Aug 06, 2022 ⏰

Add this story to your Library to get notified about new parts!

Little Merman (Short story) Where stories live. Discover now