အလုပ်ကို အာရုံလွှဲဖို့ ကြိုးစားသော်လည်း
မရပါ။ သူ့အတွေးစိတ်တို့ထဲ ပေါ်လာသည်က ဆရာနှင့် သူ့အကြောင်းများချည်းသားပင်။ ဆရာက သူ့ကို ချစ်သတဲ့လေ။
ဆရာ့ကို သူ တိတ်တခိုးချစ်နေမိခဲ့သည်မှာ ကြာခဲ့ပြီဆိုပေမယ့် အချိန်ဆွဲပြီး စဉ်းစားဖို့ကြံခဲ့လည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။
မကြာသေးသည့် နာရီပိုင်းကလေးအတွင်းမှာပင် ပူပူနွေးနွေး ချစ်သူတွေဖြစ်သွားခဲ့ကြပြီ....။ချစ်တယ်။
ဆရာ့ကို သူ ချစ်သည်။
အင်း ဆရာ့ကို ဆရာလို့ပဲ ခေါ်ရမလား။
ကိုကိုလား...ဦးလား။
အသက်အရွယ် ထက်ဝက်မျှကွာဟနေသည့် ဆရာ့ကို ဆရာလို့ပဲ ခေါ်ရမည်လား မတွေးတတ်တော့။ တဒင်္ဂအတွေးတွေကြောင့်
ရင်တွေ တဖျတ်ဖျတ်ခုန်လာရပြန်သည်။"ချာတိတ် ကိုယ်တို့ဆိုက်ထဲသွားရမယ်"
ဟင်။ ဒါက ဆရာ့အသံ။
နှစ်ခါပြန်စဉ်းစားစရာမလိုအောင် နှလုံးသားထဲ ကမ္ဗည်းတင်ထားရတော့မည့်အသံပင်။အက္ခရာ အလုပ်စားပွဲမှာ ခေါင်းစိုက်ထားရာမှ မော့ကြည့်လိုက်တော့ သူ့အနားမှာရှိနေသည့်က ဆရာပင်ဖြစ်သည်။ ဆရာ့မျက်နှာချောချောလေးကြောင့် သူ့ရင်ခုန်သံတို့ အတိုင်းအဆမဲ့စွာ ခုန်ပေါက်သွားရသည်။ ရင်ခုန်သံအကျယ်ကြီးကို ဆရာကြားသွား
မလားတောင် စိုးရိမ်နေမိသည်။"အက္ခရာလေး ဘာတွေထိုင်စဉ်းစားနေတာလဲ..ဟိုမှာ ဆရာထွက်သွားပြီ တော်ကြာ မလာနိုင်လို့ စိတ်ဆိုးနေလိမ့်ဦးမယ် မြန်မြန်လိုက်ဖို့ပြင်"။
မသက်စကားကြောင့်ပင် အက္ခရာ ယောင်အမ်းအမ်းဖြင့် ဖိုင်တစ်ချို့ကို လက်မှာပွေ့ကာ ထသွားဖို့ပြင်ရလေသည်။ ကားပါကင်ရောက်သည်နှင့် ကားအရှေ့ခန်းတံခါး အသင့်ဖွင့်ကာ စောင့်နေသည့် ဆရာ့ကို တွေ့ရလေသည်။
"ချာတိတ် တက်လေ သွားကြရအောင်"
"ဟုတ်"
သူ ကားပေါ်ရောက်သည်နှင့် ကားလေးသည် နေရာမှထွက်သွားလေသည်။
တငြိမ့်ငြိမ့်မောင်းနှင်လာသည့်
ကားလေးထဲရှိ လူနှစ်ယောက်ထံမှ စကားသံတို့ ပကတိတိတ်ဆိတ်နေသည်။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။
Chapter-42(U+Z)
Start from the beginning