"Artist K .... Artist K!"

"Lee So Kim .... Lee So Kim!"

"Reder....Reder!"

"FLASH....FLASH!"

ကွင်းကြီးထဲအဖွဲ့နာမည်တွေအပြိုင်အော်နေကြသည်။ အသံတွေဆိုတာရောထွေးနေတာပဲ။
Best New Artist (BNA) ဆုကို Rookie အဖွဲ့တိုင်းမက်မောကြသည်။ ဘာလို့ဆို တစ်သက်မှာတစ်ခါပဲရနိုင်၍ပင်။ ပွဲဉီးထွက်ထွက်ချင်းနှစ်မှာပင် မရလျှင် နောက်ထပ်နှစ်တွေမရနိုင်တော့။ ထို့ကြောင့် BNA သည် ဂုဏ်ယူစရာဆုတစ်ခုထဲအပါအဝင်ဖြစ်လေသည်။

"Artist-K !!!!!"

"ဟေး....."

"အိုး....."

အော်သံကြီးလျှံတက်လာကာမှ ညီညီအသိပြန်ဝင်လာသည်။ ဘယ်သူမှန်းမကြားမိလိုက်။
ဘော်ယား။ ဘယ်သူရသွားတာလဲ။ တို့ရသွားတာလား....။ မန်ဘာတွေကိုကြည့်တော့လည်းအူကြောင်ကြောင်လေးတွေနဲ့။ သူတို့လည်းမသိလိုက်သည့်ပုံ။ အရှေ့နဲ့အနောက်​က စီနီယာ​တွေအကုန်မတ်တပ်ရပ်လို ညီညီတို့ဘက်လှည့်ပြီးလက်ခုပ်တီးအားပေးကြတာတောင် ညီညီတို့မှာကြောင်​နေမိဆဲ။ တကယ်ကြီး Artist-K ရသွားတာပဲ။

"အိုမို တကယ်ရတာမလား"

"အား..... ပျော်စရာကြီး"

Rookie ဆုတက်ယူတုန်းက​ထက်ပိုပျော်စရာကောင်းလေသည်။ LED မျက်နှာပြင်ပေါ်မှာ အံ့သြမှာအထင်းသားမျက်နှာလေးတွေထင်းလို့။
အဘက်ဘက်ကပရိတ်သတ်တို့ဆီ ဉီးညွှတ်ရင်းစင်ပေါ်ရောက်သည့်အခါ ယောင်းမင်းလေးကဆုကိုယူလိုက်သည်။ ထိုအချိန်တွင် အားပေးသံတွေဆိုတာ ဘဝမှာအချိုသာဆုံးအသံတွေလိုပဲ။ နားထောင်လို့ကိုမဝ။

ကျေးဇူးတင်စကားပြောရန်ကတော့ အစ်ကိုဒယ်ဟိုပင်ဖြစ်လေသည်။

"အာ... အင်ညာဆယ်ရော့်....Artist-K ဖြစ်ပါတယ်။ အဲ.......ဒီနေ့ ဒီစင်ပေါ်မှာ ဒီဆုရလိမ့်မယ်လို့တွေးမထားခဲ့တာမို့ ကျေးဇူးတင်စကားလည်းကြိုမလေ့ကျင့်ခဲ့မိဘူး။ ဒါ့ကြောင့် အမှားပါရင်ခွင့်လွှတ်ပါနော့်။ ဒီဆုက.... ပရိတ်သတ်ကပေးတဲ့ဆုပါ။ Artist-K ကိုအများကြီးချစ်ပေးကြလို့ကျေးဇူးတင်ပါတယ်။ Flowers လေးတွေကိုတော့အထူးပေါ့။ နောက်နှစ်တွေမှာလည်း အများကြီးကြိုးစားသွားပါ့မယ်"

IDOLOnde as histórias ganham vida. Descobre agora