ဆေးရုံရဲ့ အခန်းတစ်ခုမာ အိပ်မောကြနေတဲ့ကောင်လေးတစ်ယောက် ဘယ်လောက်ထိပင်ပန်းနေလို့ခုထိသတိမရလာသေးတာလဲ
"ဟင်း~"
"မင်း သတိရလာပြီလား ဘယ်လိုနေသေးလဲ"
ကြောင်အစွာကြည့်နေမိတယ် တွေ့ဖူးသလိုလိုတော့ရှိပေမဲ့ သူမမှတ်မိဘူး
"ငါလေ ကော်ဖီလာသောက်တဲ့သူလေ"
"အော် မှတ်မိပြီ ဒါဆိုကျတော့်ကိုဆေးရုံလိုက်ပို့တာ ခင်ဗျားပေါ့"
"အင်း"
"ကျေးဇူးတင်ပါတယ် ဒါနဲ့ခလေးကယော ဟင် ဘာလေးမွေးလဲ"
"သားလေးမွေးတယ် ဟိုထဲမာရှိတယ် ကြည့်မလား"
"အင်း ကျေးဇူးတင်ပါတယ်"
ပုခက်ခလေးထဲက သူ့သားလေးကိုသူ့လက်ထဲထည့်ပေးလိုက်တဲ့ချိန် ရင်ထဲမာအမျိုးအမည်မသိ ခံစားချက်မျိုးခံစားလိုက်ရတယ် သားလေးကကိုကိုနဲ့ယောသူနဲ့ယော နှစ်ယောက်လုံးနဲ့တူတာပဲ စိတ်ချပါသားလေးရေ ပါပါးသားလေးကိုမျက်နှာမငယ်စေရအောင် ထားပါ့မယ်
ရှေ့ကခလေးကို ကြည့်ပြီးငိုနေတဲ့သူကိုကြည့်ပြီးသူလဲစိတ်မချမ်းသာလှ ဘာတေများကြုံတွေ့ခဲ့လို့ ခုလိုဖြစ်နေရတာလဲ ပြီးတော့ ခလေးအဖေကယော
"လူနာရှင် ကုန်ကျစရိတ်တေကိုကောင်တာမှာလာရှင်းပါ ခုလူနာကိုသက်ရှင်းရေး လုပ်ပေးပါ့မယ်"
"......"
သူ့ကိုအားနာသလိုကြည့်လိုက်မိတယ် ဆေးရုံထိလိုက်ပို့ပေးတာတောင် ကျေးဇူးတင်ရမာကို ခုကုန်ကျစရိတ်နေတောင်ပေးရအုန်းမယ်
"ဟုကဲ့ ကျတော်သွားရှင်းလိုက်ပါ့မယ်"
**************
"ကျေးဇူးတင်ပါတယ်"
"ထပ်ပြီးတော့လား ရပါတယ် မလိုပါဘူး"
သူဌေးသားပေမဲ့ ပိုက်ဆံကုန်ဖို့ကိစဆို လေတောင်မချွန်တဲ့သူလိုလူက ထိုကောင်လေးနဲ့ကြမ ဘယ်လိုဖြစ်နေလဲမပြောတက်
BINABASA MO ANG
အချစ်တဲ့လား
Fanfictionကျောင်းသားရွယ်မာ ပထမဆုံးချစ်ကိုတွေ့ရှိခဲ့တယ် အဲ့အချစ်ကြောင့်ပဲ အချစ်ကိုမယုံရဲတာ့တာဆိုယုံမလား
