မည်သည့်အချိန်ကထဲက ရှိနေခဲ့မှန်းမသိရပါသော ကော်ဖီတစ်ထုပ်နှင့် ကွတ်ကီးတစ်ထုပ်ကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ဖျော်ထားပြီးသော ကော်ဖီခွက်ကိုစားပွဲပေါ်တင်လိုက်ပြီး​နောက် မုန့်ထုတ်ကိုပါဖောက်လိုက်သည်။

ကုလားထိုင်တွင်ထိုင်လိုက်ရင်းမုန့်ကိုပါ အလျင်အမြန်ဝါးစားလို့နေခဲ့သည်။

နာရီလက်တံတို့သည် 7:00 အတိသို့ညွှန်ပြချိန်တွင်ရေဒီယိုအတွင်းမှ တီးလုံးသံသည်လည်းပေါ်ထွက်လို့လာခဲ့သည်။

ရေဒီယိုလေးအား လက်လှမ်း၍အသံဘောလုံးလေးအားလှည့်ကာချဲ့လိုက်သေးသည်။

"မင်္ဂလာပါ..The Next Day ချန်နယ်မှ ကြိုဆိုပါတယ်ဗျ!!"

ပထမဆုံးသော နှုတ်ဆက်စကားကြားရချိန်တွင် ဂျောင်ကုမျက်ခုံးနှစ်ခုသည် အနည်းငယ်ကြုံ့သွားရသည်။

ပြေလျော့စွာထိုင်နေခဲ့သော ခါးတို့သည်လညိး မတ်လို့သွားခဲ့သည်။
နားထဲသို့လက်သန်းလေးဖြင့် ကလော်ကာ နားကြားမှားလေသလားပုံစံဖြင့်ထပ်၍နားထောင်နေလိုက်သည်။

"The Next Day ချန်နယ်ရဲ့ Morning Call အစီအစဥ်လေးကို ကျနော် ပတ်ဂျီမင် မှ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်!!"

"ဟင်... ဒါဆို ကောင်လေးရော... ဆော့ဂျင်ငယ်လေးလေ!!"

ရေဒီယိုထဲမှ ကောင်လေးအသံသည် ချိုသာလွန်းသော်လည်း သူ့ကောင်လေးမဟုတ်ဘူးဆိုသော အသိက ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ရေဒီယိုကြီးအားလည်စောင်းကြည့်ကာ ဘယ်ညာလျှောက်လ်ို့နေခဲ့သည်။

"ပထမဆုံး ဖုန်းခေါ်ဆိုမှုလေးကို စတင်လို့ရပါပြီနော်.. !!"

ကြေငြာသံထွက်လာသော်လည်း ကောင်လေးအသံမဟုတ်သည့်အတွက် ဂျောင်ကု ဖုန်းခေါ်ဖို့ရာ စိတ်မဝင်စားတော့ပေ။

"ကောင်လေးက ဘယ်မှာလဲ!!"

လျှောက်နေရာမှ ရပ်ကာ ရေဒီယိုကိုကြည့်၍မေးလိုက်သည်။

"ကောင်လေးကပြောတော့ နေ့တိုင်းဒီအချိန်ဆို သူရှိနေမှာဆို..!!"

ON AIR (completed)Where stories live. Discover now