(25)

22.7K 1K 62
                                        

"မင်းချစ်သူမောင် ငါတို့ပြတ်ရအောင်! "

စူးစူးဝါးဝါးကြည့်ကာ မောင် စွဲလမ်းနေရတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေဆီက ပြတ်ပြတ်သားသား ထွက်ကျလာတဲ့စကားလုံးများက ရှင်းရှင်းလင်းလင်း ပီပီသသ။

"ဘာလို့..ဘာလို့လဲသော် ဘာလို့လဲ မောင့်ကိုပြော "

မောင့်စကားသံတွေက ထစ်ထစ်ငေါ့ငေါ့ရယ်။ပုခုံးလေးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်နှာနုနုငယ်ငယ်ကို စိုက်ကြည့်ရင်း မေးတော့ သော်က မောင့်မျက်လုံးတွေကို ရှောင်၏။

"ငါတို့က အဆင်မပြေနိုင်ဘူး ထင်တယ် ပြီးတော့ ပတ်ဝန်းကျင်က ပြောဆိုနေတာကိုလည်း ငါ လက်မခံနိုင်ဘူးမဖြေရှင်းချင်ဘူး "

"ပတ်ဝန်းကျင်! ဘယ်သူတွေက သော့်ကို ဘာပြောလဲ ပြော မောင်နဲ့တွေ့မယ်! "

"အဲ့ဒါဘဲ မင်းက တစ်ခုခုဆို ဝူးဝူးဝါးဝါးနဲ့ ဖြေရှင်းချင်တာ အဲ့လိုလုပ်လို့ မရဘူး မင်းချစ်သူမောင်ရဲ့ "

"မောင် မပြတ်ပေးနိုင်ဘူး သော် "

"ပြတ်ကြရအောင် "

"သော် မောင့်ကို အဲ့လိုမရက်စက်ပါနဲ့ ကွာ နော် သော် မောင်တောင်းပန်ပါတယ် "

"ငါ့ကို လွှတ် "

"မောင့်ကို မထားခဲ့ပါနဲ့ သော် မောင်တောင်းပန်ပါတယ် "

အော်ဟစ်ငိုယိုကာ တောင်းပန်နေပေမယ့် သော်က ပြန်တောင် လှည့်မကြည့်ခဲ့။ မျက်ရည်တွေ အဖြိုင်ဖြိုင်ကျပြီး ရင်ထဲ ဆို့နစ်ကြေကွဲလို့နေ၏။ချစ်သူသက်တမ်းလေး ဘယ်လောက်မှတောင် မကြာသေးတဲ့အချိန်မှာ အကြောင်းပြချက် ရေရေရာရာမရှိဘဲ သော်က မောင့်ကို ထားခဲ့တယ်တဲ့။မနေ့ကထိတောင် ဘော်ဒါကို မုန့်သွားပို့ပေးပြီး နှစ်ယောက်သား  ပျော်ရွှင်နေကြတုန်းလေ။

"အင့် ဟင့်! "

"ဟင် "

မျက်လုံးဖွင့်ကြည့်လိုက်တော့ ခြင်ထောင်အမိုးကို မြင်လိုက်ရ၏။

"အိမ်မက်လား "

မောင့်မျက်နှာကို စမ်းကြည့်မိတော့ မျက်ရည်တွေနဲ့ စိုလူးနေ၏။အချိန်ကြည့်လိုက်တော့ ညနှစ်နာရီခွဲ။

ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)Where stories live. Discover now