ဖြူဖွေးတဲ့လည်တိုင်လေးက ဗန်ဗိုင်းယားတစ်ကောင်ကို သွေးဆာအောင်မြှူဆွယ်နေသလိုမျိုး ဧကရာဇ်မောင်ရဲ့အကြည့်တွေကို ဖမ်းစားထားသည် ။ လည်ဂုတ်ပေါ်က သေရာပါမဲ့အမှတ်အသားလေးနေရာမှာ အဖြူရောင်ပွင့်ဖက်လေးတွေနဲ့ ကုမုဒြာပန်းပုံတက်တူးရေးထိုးထားသည် ။

ထိုနေရာက ဂလင်းဖြစ်တာကြောင့် ကုမုဒြာရဲ့ Pheromone ရနံ့ဖြစ်တဲ့ ချိုအီတဲ့ပန်းရနံ့သင်းသင်းလေးကို ဧကရာဇ်မောင် ခံစားနေရသည် ။ ထိုရနံ့ကို ခံစားမိလေ သူ့ရဲ့ Pheromone ရနံ့ကပြင်ထန်လာလေမို့ လေထုကသားရဲတစ်ကောင်သားကောင်ကိုမြင်ပြီးဆာလောင်နေတဲ့ ပြန်းထန်သည့်ရနံ့တွေအဖြစ် ပြောင်းလဲသွားလေသည် ။

" အဟွတ် "

လေထုကမွန်းကြပ်လာ၍ မုဒြာချောင်းဆိုးလိုက်တော့ ဧကရာဇ်စိုးရိမ်သွားသည် ။

" မုဒြာ အဆင်ပြေရဲ့လား "

" အင်း … ကျေးဇူးပြုပြီး ထွက်သွားပေးပါ "

မုဒြာပခုံးလေးက အနည်းငယ်တုန်ရီလာကာ လက်တွေကအိပ်ယာခင်းကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားတာမြင်တော့မှ သူ့ရဲ့ဖယ်ရိုမုန်းတွေနဲ့ အိုမီဂါတစ်ယောက်ကို ဖိနှိပ်ထားမိမှန်းသတိရသွားကာ ဧကရာဇ်မောင် ဖယ်ရိုမုန်းတွေကိုထိန်ညှိလိုက်သည် ။ ဧကရာဇ်မောင်က နီရဲနေတဲ့ မုဒြာပုခုံးလေးကို ဆေးပူဖြင့်ပွတ်လိမ်းပေးပြီးနောက် အရှေ့သို့ပြန်လှည့်ပေးလိုက်သည် ။

" မင်းအဆင်မပြေအောင်လုပ်မိတဲ့အတွက် ကိုယ်တောင်းပန်ပါတယ် … ဒီအချိန်မှာ ကိုယ့်ကိုတော့ နှင်မထုတ်ပါနဲ့  … မင်းကိုဒါဏ်ရာနဲ့တစ်ယောက်ထည်း မထားခဲ့နိုင်ဘူး  "

မုဒြာက လစ်ဟနေတဲ့ပခုံးသားနဲ့လည်တိုင်ကို အဝတ်တွေနဲ့ဖုံးဖိလိုက်ကာ နာကျင်မှုအနည်းငယ်သက်သာတော့မှ ကုတင်ပေါ်ကနေထလိုက်ပြီး ဧကရာဇ်မောင်ကို တွန်းထုတ်လိုက်သည် ။

" ပခုံးကဒါဏ်ရာက အဲ့လောက်မဆိုးဘူး … ခများရဲ့ Pheromone နံ့တွေကြောင့် ကျွန်တော်အသက်ရှူကြပ်နေပြီ "

" သူ့ရဲ့နံစော်နေတဲ့အနံ့ထက် ကိုယ့်အနံ့ကပိုမကောင်းဘူးလား "

Hidden love " ကုမုဒြာ "( complete )❤️ जहाँ कहानियाँ रहती हैं। अभी खोजें