Unicode
~~~~~~~လင်းထက်ရောက်လာပြီးနောက် တရားခံကိုကြမ်းပြင်ပေါ်မှာ ဒူးထောက်ကာထိုင်စေပြီး လက်ပြန်ကြိုးတုတ်ထားလိုက်သည် ။ ဧကရာဇ်မောင်ထံက Pheromone ရနံ့တွေက အဆင့်နိမ့်အယ်ဖာကို အားအင်ရော့နည်းပြီး ခုခံနိုင်စွမ်းမရှိသည်ထိ ဖိနှိပ်ထားနိုင်သည် ။ ထိုလူရဲ့ခန္ဓာကိုယ်မှာလဲ သွေများပေနေပြီး မျက်နှာကရောင်ကိုင်းကာ မျက်လုံးပင်အနိုင်နိုင်ဖွင့်နိုင်သည် ။
" သခင်ကြီး … ဘယ်လောက်တောင် ထိုးလိုက်တာလဲ "
လင်းထက်ကမနေနိုင်၍ မေးလိုက်ခြင်းဖြစ်သည် ။
" မင်းပါးစပ်ပိတ်ထား "
သခင်ကြီးဒီလောက်ထိ ဒေါသထွက်ကာလက်လွန်ထားပုံပေါက်ရင် ဒီလူကသခင်ကြီးရဲ့မိသားစုကို အပြစ်လုပ်ထားမှန်းသိလိုက်သည် ။
" ကျွန်တော်သူ့ကို ရှင်းလိုက်ရမလား "
" မလိုဘူး … သူ့ကိုမုဒြာရှေ့မှာတောင်းပန်ခိုင်းရဦးမယ် … သူ့ကိုစောင့်ကြည့်ထား "
" ဟုတ်ကဲ့ "
ဧကရာဇ်က လင်းထက်အား သေခြာစောင့်ကြည့်ထားဖို့မှာကြားကာ ကုတင်ပေါ်မှာလှဲနေတဲ့ မုဒြာဆီထွက်လာသည် ။ ကုကုလေးက ကြောင်လေးကိုပွေ့ချီထားပြီး မုဒြာအားစိုးရိမ်ကြီးစွာဖြင့်ကြည့်ရင်း ဧကရာဇ်မောင်ဝင်လာတော့ အားကိုးတကြီးကြည့်လာသည် ။
" ဦးဦး … ပါပါးမှာနာနာကြီးနဲ့ … ပါပါးကိုကယ်ပေးပါ "
မုဒြာပခုံးကဒါဏ်ရာက ခုံစောင်းနဲ့ထိမိကာ ယောင်နေသည် ။ မုဒြာလဲနာကျင်နေတာကြောင့် ခနမှိန်းနေသည် ။ ဒီအဖြစ်အပျက်က သူ့အားကြောက်ရွံ့စေတာတော့အမှန်ပင် ။
" မုဒြာ … နာနေသေးလား "
" အင်း "
" ကိုယ်ဆေးလူးပေးရမလား "
" မလိုဘူး … ခနအနားယူလိုက်ရင် ပျောက်သွားလိမ့်မယ် … ခများလဲအိမ်ပြန်တော့ "

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...