"မပြန်တော့ဘူး အားရီ"

"အာ... အဲ့ဒါဆိုလည်း စောစောနားတော့... ဆေးလည်း သောက်ဦး... ဖျားလည်း ငါကခိုင်းမှာနော် ရိပေါ်"

ရိပေါ်က အသားပေါင်းခေါက်ဆွဲကို ကောင်းကောင်းစားသည်။ ငိုထားပေမယ့် အစားကတော့ မပျက်။ အားရီဝေက ဆိုင်နဲ့ မနီးမနားက ကုန်စုံဆိုင်ဖွင့်ထားသည့် တိုက်၏ တတိယအလွှာမှာ နေထိုင်သည်။

အားရီဝေထွက်သွားသည်နှင့် ရိပေါ်က ဆိုင်ခန်းတံခါးကို ဆွဲပိတ်လိုက်သည်။

ရှောင်းကျန့် မိုးရေအစိုလိုက်ကြီးနှင့် ကားထဲမှာပဲ ထိုင်နေသည်။

ရိဟွာက မလာသေး၍ ဖုန်းဆက်သော်လည်း အရေးပေါ်ကိစ္စတစ်ခုကြောင့် မလာနိုင်ကြောင်း ပြောပြကာ ချိန်းဆိုမှုကို ဖျက်လိုက်သည်။

အဖြစ်အပျက်က မြန်ဆန်လွန်းတာကြောင့် ရှောင်းကျန့် အတွေးတွေများကာ စိတ်တွေရှုပ်ထွေးနေ၏။

"ကျွန်တော် ကိုကို့ကိုချစ်တယ်"

"ကျစ်"

ရှုပ်ထွေးနေသည့် အတွေးတွေကြောင့် ခေါင်းက ဆံပင်တွေကို လက်နှင့်ထိုးဖွလိုက်သည်။ စတီယာရင်ပေါ်ကို ခေါင်းမှောက်ချရင်း လေပူတွေ မှုတ်ထုတ်ပစ်လိုက်၏။

တအောင့်ကြာသည်နှင့် ရှောင်းကျန့်ကားကို စက်နိုးကာ တရကြမ်း မောင်းနှင်လိုက်၏။

​မီးလင်းနေသော ခေါက်ဆွဲဆိုင်လေးထဲတွင် တဘက်ကလေး ခေါင်းပေါ်တင်ထားသည့် တစ်စုံတစ်ယောက်က တစ်ခုခုထိုင်စားနေပုံပေါ်၏။

ဆိုင်ပိုင်ရှင် အားရီဝေ ထွက်သွားသည်နှင့် ရှောင်းကျန့်က ကားထဲမှ ထွက်ဖို့ ပြင်လိုက်ချိန်တွင် ရိပေါ်က ဆိုင်တံခါးကို ဆွဲပိတ်လိုက်သည်။

ပြေးသွားသည့် ခြေလှမ်းတွေမှာမမှီတော့။ ပိတ်ကျသွားသည့် တံခါးရှေ့မှာပဲ ရပ်ကျန်ခဲ့သည်။ရိပေါ် စိတ်ကစားနေသလားဆိုသည့် မေးခွန်း၏ အဖြေကို ရှင်းလင်းစွာ သိချင်၏။

ရှောင်းကျန့် စိတ်တွေ အတော်လေး ထွေပြားနေခဲ့ပါသည်။

ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||Where stories live. Discover now