Never (ဘယ်တော့မှ)- 7

Начните с самого начала
                                    

"ရိပေါ်လေး အရင်က ကကွက်တွေ တခါမှ မမှားဖူးပါဘူး  မနေ့ကတည်းက မှားနေတာ သတိထားမိတယ် ဒီနေ့လည်းခဏခဏထပ်မှားနေတယ် ဆိုတော့.... စိတ်ရှုပ်စရာရှိနေလို့လား နေမကောင်းလို့လား"

"ဟုတ် ကျွန်တော် ဟိုဘက်က လက်ဝှေ့ Club မှာ ပြဿနာ နည်းနည်းတက်ထားလို့ပါ ကျွန်တော် ထိုးလိုက်တာ နှာခေါင်းသွေးလျှံသွားလို့ အဲဒါ ကျွန်တော်မှားလား/မမှားလား ဝေခွဲမရဖြစ်နေလို့ပါ အဲဒါစိတ်မရှင်းတော့ အာရုံနှောက်နေလို့ ပါ စိတ်မရှိပါနဲ့ ဆရာ "

"ရိပေါ် မမှားပါဘူး လက်ဝှေ့ထိုးတာ ပဲဟာ ကြိုးဝိုင်းထဲမှာလေ့ကျင့်ကြတာ ဒီလိုထိုးမိတာမျိုးက ဖြစ်တတ်ပါတယ်"

"ကြိုးဝိုင်း ထဲမှာမဟုတ်ဘူးဆရာ"

" ဒါပေမယ့် လေ့ကျင့်နေရင်းနဲ့လည်း ဖြစ်တတ်တာပဲကိုး ရိပေါ် အမှားမှ မဟုတ်ပါဘူး"

"လေ့ကျင့်နေရင်းနဲ့လည်း မဟုတ်ဘူးဆရာ ဒီအတိုင်း စိတ်တိုလို့ ထိုးလိုက်မိတာ"

"ဟေ....ဒါဆိုရင်တော့ ရိပေါ်မှားတာပေါ့ စိတ်တိုတိုင်း သူများကို ကိုယ်ထိလက်ရောက် မလုပ်ရဘူးလေ တခြားနည်းနဲ့ဖြေရှင်းသင့်တာ ထိုးလိုက်မိတဲ့သူကို ပြန်တောင်းပြန်လိုက်ပေါ့ ဒါပေမယ့် ဟိုဘက်ကလည်း သူ့နှာခေါင်းသွေးလျှံအောင်ထိုးလိုက်တော့ ဘာမှ ပြန်မလုပ်ဘူးလား ဘာတုန်းလက်ဝှေ့သမား မဟုတ်လို့လား"

"လက်ဝှေ့သမားပါဆရာ သူက ချန်ပီယံကြီးပါ"

"ချန်ပီယံဖြစ်တာတောင် ရိပေါ်ကို ပြန်မထိုးဘူးဆိုတော့ ခင်မင်ကြတဲ့ မိတ်ဆွေတွေလား"

"မဟုတ်ပါဘူး နည်းနည်းပါးပါးသိပြီး အခုရက်ပိုင်း အတူတူလေ့ကျင့်နေတဲ့ လေ့ကျင့်ဖော်ပါ"

"အာ... ဒါဆိုရင်တော့ ရိပေါ်ကို သူကခင်လို့နေမှာပေါ့ ပုံမှန်ဆို ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုလာထိုးရင် ဆရာသာ ချန်ပီယံနေရာမှာဆိုရင် ပြန်ထိုးပြီးသားပဲ နောက်မှ ကျန်တာရှင်းမှာပေါ့ ရိပေါ်ကလည်း ဒါကို စိတ်ထဲက ဖျောက်မရဖြစ်နေတယ်ဆိုရင် နောက်ရက်သူ့ကိုတွေ့ရင် ပြန်တောင်းပန် လိုက်လေ ဘာတွေပဲ ဖြစ်ဖြစ် ခုလောလောဆယ်သူက သွေးထွက်သံယိုဖြစ်သွားတဲ့ နစ်နာသူလေ မတောင်းပန်ရသေးလို့ ဒါက စိတ်ထဲတနုံနုံ ခံစားနေရတာမို့ တောင်းပန်လိုက် စိတ်ရှင်းသွားလိမ့်မယ်"

NeverМесто, где живут истории. Откройте их для себя