ကြေမွနေသောနှလုံးသားများ...

Începe de la început
                                    

မျက်ရည်တွေကြားမှ နာနာကျင်ကျင်ရယ်နေပြန်သည်။ မြိုသိပ်နိုင်လွန်းတဲ့mineဟာ ခံစားနေရသမျှကို အရူးတစ်ယောက်လို
ဖွင့်ပြောနေတာ ဘယ်လောက်မှပူလောင်နာကြင်နေမှန်းတွေးကြည့်စရာပင် မလိုတော့။

Minieစကားများကို နားထောင်ရင်းသူနားလည်လာပြီ။ တစ်ခြားအရာတွေကိုကောင်းကောင်း နားမလည်ရင်တောင် ရူးမတတ်နာကျင်နေရတဲ့minieကိုတော့ သူနားလည်နေပြီ.....။ကိုယ့်ကိုယ်ကိုယ်ယုံတယ်ဆိုပြီး ပြောနေပေမဲ့
သေချာမမှတ်မိတဲ့အဲဒီညကအကြောင်းအရာတွေ.... ကျူးလွန်ခဲ့ကြောင်းသေချာသယောင်ရှိနေသော အမှန်တရားတွေကြား minieဟာခြောက်ခြားကြောက်လန့်နေခြင်း....။

တွေးမိရုံနဲ့တင် သိနိုင်သောminieရဲ့နောက်ထပ်ကြောက်လန့်မူ။
ထိုသည်မှာ သူ့အားဆုံးရှုံးရမှာကြောက်သည့်စိတ်။ ဟင့်အင်း.... minieအပေါ်သူအဲလိုမသုံးရက်ဘူး။ minieလောက် သူ့အတွက်ကိုသာကြည့်ပေးနိုင်ခဲ့တဲ့သူ ဒီကမ္ဘာပေါ်မရှိနိုင်ဘူးမလား။
minieဟာ သူ့အပြုံးတွေကိုငေးကြည့်ခွင့်မရှိတော့မှာကိုကြောက်နေတာ...
သူ့အနားနေပြီး အရင်လိုဂရုစိုက်နွေးထွေးခွင့်မရှိတော့မှာကိုကြောက်နေတာ....။

သူ့အပေါ်နားလည်အပေးနိုင်ဆုံးသောminieကိုသူလည်း နားလည်နိုင်ပေမဲ့ ကံကြမ္မာကminie အပေါ်မျက်နှာပေးခြင်းမရှိ။ ရွေးချယ်ခွင့်မရှိ၊ လှုပ်ရှားခွင့်မရှိအောင် အမှန်တရားတစ်ချို့နှင့် ရက်ရက်စက်စက်ကြီးကိုတုပ်နှောင်ထားသည်။

ထို့အတွက် သူminieအပေါ်လုပ်ပေးနိုင်တာဆိုလို့ "minieရာ..." ဟူမချိတင်ကဲစကားသံနဲ့minieနဲ့အတူမျက်ရည်ကျပေးနိုင်ရုံသာ။

"ထယ်...ထယ် မင်းငိုနေတာလား"

သူ့မျက်ရည်တွေကို အခုမှမြင်သွားဟန်တူသောminieဟာ ထိုင်နေရာမှယိုင်ကျလုလုပုံစံဖြင့်ထရပ်ကာ မတ်တတ်ရပ်လျှက်ရှိနေသော သူ့မျက်နှာအား.....
စိုးရိမ်သော၊ထိန့်လန့်သော၊နာကျင်သော ယူကျုံးမရသော၊ အားနာသောစသောခံစားချက်မျိုးစုံပြည့်နေသော မျက်ဝန်းများဖြင့်ကြည့်၍ မျက်နှာထက်မှမျက်ရည်တို့ကိုတုန်ရီနေသောလက်ချောင်းသန့်သန့်တို့ဖြင့် ဖွဖွလေးထိတွေ့ကာဖယ်ရှားပေးနေသည်မှာ
စကားတို့တရပ်စပ်ထိန့်ထိန့်ပြာပြာပြောနေပုံနှင့်လားလားမျှမဆိုင်စွာ
အနည်းပင်ကြမ်းကြမ်းထိမိလျှင်ပင် ကြွေမွသွားမည့်နှင်းစက်ပွင့်လေးအတိုင်း....။

Purple Dream [Complete] Unde poveștirile trăiesc. Descoperă acum