ကြေမွနေသောနှလုံးသားများ...

Start from the beginning
                                    

အခုလည်း ကိုယ့်ကိုယ်ကိုယ်အတွက်မပူပဲသူ့အတွက်ပူပေးနေပြန်သည်။
အသိစိတ်တို့ထွေးပြားနေသည့်အချိန်မှာတောင် minieကသူ့အားဂရုစိုက်ဖို့မမေ့။
ထို့ကြောင့် သူပို၍ရင်နာရသည်။
ရစ်ဝဲချင်နေသော အကြည်တစ်ချို့ကို မျက်တောင်ရှည်များ၏ အကူအညီဖြင့်သိမ်းဆည်းလိုက်ရင်း.....

"ငါ့ကိုဒီနေရာမှာရှိမနေစေချင်ရင် ငါတို့ဒီနေရာကသွားရအောင်minie။ ငါအိမ်ပြန်လိုက်ပို့ပေးမယ်"

ထိုင်နေသောminieအား လက်မောင်းမှနေဆွဲထူတော့ သူ့လက်များအားဆွဲယူဆုတ်ကိုင်လာပြီး မျက်ဝန်းများကိုစိုက်ကြည့်လာသည်။
မျက်ဝန်းများထဲမှ နာကြင်ကြေကွဲရိပ်တို့ကအထင်းသား.....။

"ထယ်.... ငါအိမ်မပြန်ချင်ဘူး။ ငါသာအိမ်သို့ပြန်သွားရင်.... ငါ...ငါမင်းနဲ့ဝေးရတော့မှာထယ်။ ငါမင်းကိုပိုင်ဆိုင်ခွင့်မရရင်တောင် မင်းအပြုံးလေးတွေဖြစ်လာအောင် မင်းအနားနေပြီးတော့ကြိုးစားချင်သေးတာ...
မင်းငိုနေရင်နှစ်သိမ့်ပြီး မင်းပျော်နေရင်လည်းမင်းပြုံးနေတာကြည့်ရင်း.... ငါပျော်ချင်သေးတာ.... အခုတော့ထယ်ရာ.... ငါ...."

ပြောရင်းမျက်ရည်တွေစီးကျလာသော ဆွေးမြေ့နာကျင်နေသောမျက်ဝန်းများ....။
ရိူက်သံများဖြင့် စကားသံတို့ကသူ့ရင်ကိုဓားများဖြင့်အစိတ်စိတ်အမွှာမွှာဖြစ်အောင် ထိုးမွှန်းနေသလို။
မျက်ရည်များအား သုတ်ပေးချင်ပေမဲ့ဆုတ်ကိုင်ခံထားရသောလက်တို့က လွှတ်ထွက်သွားမှာစိုးသည့်အလားတင်းကြပ်နေသည်ကြောင့်အခွင့်မသာ။

Minieမျက်ရည်များကြား သူ့မျက်ရည်များကထပ်မံကြွေဆင်းလာသည်။
မိမိအတွက်ကိုသာ ဘဝတစ်လျှောက်လုံးတွေးပေးလာခဲ့သောလူသားအား ဤသို့ပုံစံမျိုးဖြင့်မကြည့်ရက်။
ဘာတွေဖြစ်ခဲ့ကြတာလဲဟုမေးလိုက်ချင်ပေမဲ့လည်း မမေးရက်ဖြစ်နေရသည်။

"ငါ...ငါလေထယ်.... ငါ့ကိုငါယုံတယ်။
ဒါပေမဲ့....ဒါပေမဲ့ငါ့မှာသက်သေပြစရာဘာမှမရှိဘူး။ Enn Hana အပေါ်ဘာမှမကျူးလွန်ခဲ့ပါဘူးဆိုတဲ့သက်သေ.... ငါကသူ့ဗိုက်ထဲကကလေးရဲ့အဖေမဟုတ်ဘူးဆိုတဲ့သက်သေ.... ဘာဆိုဘာမှမရှိဘူး။ ငါ့မိဘတွေတောင် ငါ့ဘက်မှာမရှိဘူးထယ်... မဟုတ်ဘူးဆိုတဲ့သက်သေမရှိတဲ့အပြင်.... အဲညကEnn Hanaရဲ့မွေးနေ့ကိုသွားခဲ့တယ်ဆိုတဲ့အမှန်တရား.... မနက်မိုးလင်းလာတော့barထဲကအိပ်ခန်းတစ်ခုထဲမှာငါ...နိုးလာခဲ့ရတယ်ဆိုတဲ့အမှန်တရား..... ဟုတ်နိုင်တယ်ဆိုတဲ့သက်သေတွေ.... ငါ့ကိုငါယုံနေပေမဲ့ ငါ့ကိုဘယ်သူမှမယုံပေးနိုင်တော့တဲ့အဲဒီအမှန်တရားတွေရှိနေတယ်ထယ်.....
နောက်ပြီး ငါ့ကိုငါယုံပါတယ်ဆိုပြီး ကြွေးကြော်နေတဲ့ကောင်က အဲနေ့ကအဖြစ်အပျက်တွေကိုရေရေရာရာ မမှန်မိပါဘူးတဲ့။ ဟား.... ရယ်စရာကောင်းတယ်မလားထယ်။ ငါ့ကိုငါ့ယုံတယ်ဆိုပြီးပြောတာ မင်းတို့ကြားရတာအရမ်းရယ်စရာကောင်းနေ တယ်မလား...."

Purple Dream [Complete] Where stories live. Discover now