ကြေမွနေသောနှလုံးသားများ...

Start from the beginning
                                    

"တစ်ယောက်တည်းလားminie.... ငါလာခဲ့မယ်။ ငါ့ကိုနေရာပြော"

Minieအားနေရာမေးပြီး အပေါ်အင်္ကျီကောက်ဝတ်ကာ အမြန်ပင်ထိုနေရာသို့သွားရသည်။
သူရောက်သွားတော့ ဘားကောင်တာရှေ့ ထိုင်ခုံမြင့်တွင်ရှိနေသောminieမှာ မည်မျှပင်သောက်ထားပြီးပြီမသိ ကောင်တာပေါ်ခေါင်းစိုက်နေပြီဖြစ်သည်။
Minieအနားတွင် အရက်စပ်သောကောင်လေးတစ်ယောက်ရှိနေပြီး သူအနားရောက်သွားတော့ ဒီဧည့်သည်အသိလားဟူ၍ minieအားညွှန်ပြကာမေးလာသည်ကြောင့် ခေါင်းညိတ်ပြလိုက်ရသည်။

"Minie... Minieထတော့ ငါတို့ပြန်ရအောင်။ မင်းမူးနေပြီ"

"ထယ်..."

ခေါင်းမော့လာသောminieမှာ မျက်လုံးများနီရဲနေပြီး မျက်ရည်စများသည်လည်း အခုတိုင်ရှိနေတုန်း။
ပထမဆုံးminieရဲ့မျက်ရည်များကိုမြင်ဖူးခြင်း။ သူ့အားရင်ခွင်ထဲထွေးပွေ့၍ မျက်ရည်များအားခပ်ဖွဖွသုတ်ရင်း နှစ်သိမ့်ပေးတတ်သောminieက အခုတော့သူကိုယ်တိုင်အလဲလဲပြိုပြို။

Minie၏အခုလိုပုံစံအားမြင်နေရသည်မှာ သူ့အတွက်လည်းခက်ခဲလှသည်။
အကောင်းဆုံးနှစ်သိမ့်ပေးချင်ပေမဲ့ ဘယ်လိုစကားမျိုးနဲ့နှစ်သိမ့်ပေးရမည်မသိ။
မိမိအလှည့်တွင်အလုံခြုံဆုံးသောရင်ခွင်တစ်ခုအားဖန်ဆင်ပေးခဲ့သူကို အခုတွင်တော့ရင်ခွင်ထဲဆွဲသွင်းလိုက်ရန်ပင်ခဲယင်းနေသည်။ ဘာကြောင့်လဲဟုအဖြေမရှာချင်။
အဖြေရေရေရာရာမရှိသည့်တိုင်း တစ်ခုတည်းသောအကြောင်းအရာကိုသာရည်ညွှန်းနေကြသည်ကြောင့် ကိုယ့်ကိုယ်ကိုယ်သာမုန်းတီးမိသည်။

"အင်း ငါတို့အိမ်ပြန်ရအောင်minie"

"တစ်ကယ်... တစ်ကယ်လိုက်လာတာလား... ထယ်ရာ.... ဒီလိုနေရာကမင်းရှိနေသင့်တဲ့နေရာမျိုးမဟုတ်ဘူး။ ငါဆီ မလိုက်လာဖို့ပြောသားပဲကွာ...."

Minieစကားသံတို့က ခပ်ထွေထွေ။
သောက်ထားသည့်အရှိုန်ကြောင့် အသားဖြူသောminieမျက်နှာနုနုမှာအနီရောင်ရှပ်ပြေးနေသလို ချွေးစအနည်းငယ်လည်းရှိနေသေး၏။
ထိုသည့်တိုင် minie၏ရုပ်သွင်မှာစိတ်ပျက်စရာဖြစ်မနေပဲ ချောမောခန့်ညားနေဆဲပင်။

Purple Dream [Complete] Where stories live. Discover now