.........

ကားရပ်ရပ်ချင်း တံခါးဝုန်းခနဲဖွင့်ပြီး ကုမ္ပဏီထဲအမြန်ပြေးဝင်သွားတာ ဇေ့ကိုပင်နှုတ်ဆက်လိုက်ဖို့မေ့သွားသည်။ ကုမ္ပဏီဝမှာ သတင်းထောက်အချို့ရှိနေကြလေသည်။

အလကားအရှုပ်ထုတ်တွေ။

ဘာသတင်းလာယူနေကြတာလဲ။ ဒီအချိန်မှာသတင်းယူဖို့က အရေးကြီးနေကြသလား။ တစ်ဖက်လူမှာစိတ်ထိခိုက်နေမယ်ဆိုတာမတွေးမိကြတာလား။ အလကား Ethics မရှိတဲ့သူတွေ။

"အိုပါး..."

"အမှန်မဟုတ်ဘူးမလား....အိုးပါး"

အာ .... ဖန်တွေပါရောက်နေတာပဲ။ အူယားဖားယားပြေးဝင်လာသည့်ညီညီ့ကို လှမ်းမေးကြသည့်အခါ ညီညီကိုယ်ရှိန်သတ်လိုက်ရသည်။ ကမန်းကတန်းထွက်လာသည်မို့ အဝတ်အစားတွေကပိုကရိုနိုင်သော်လည်း ဂရုမစိုက်နိုင်။ စိတ်ပူလွန်းလို့ ကုမ္ပဏီရှေ့ထိရောက်လာကြတဲ့ဖန်တွေမြင်ရတော့ ရင်ထဲဝမ်းနည်းသွားသည်။

တောင်းပန်ပါတယ် Flowers တို့ရယ်။
ဒီအချိန်မှာ သေသေချာချာတိတိကျကျဘာမှမပြောနိုင်သေးပါဘူး။ သူများတကာအပြစ်တင်နေချိန် ငါတို့ဘက်မှာရှိနေပေးလို့ ကျေးဇူးတင်ပါတယ်လို့ပဲ ပြောနိုင်သည်။

"အိုးပါး"

"ယူံပြီးစောင့်နေပေးနော်.....ဆားရာငဲ"

ဒီတစ်ခွန်းသာပြောနိုင်သည်။ ဆိုးချန်ကိုလည်းအကြွင်းမဲ့ယုံသည်။ ဒီကိစ္စ ဘာမှမဖြစ်ခဲ့သလိုမျိုး ပြန်ဖြစ်သွားလိမ့်မယ်လို့ ညီညီကတော့ယုံသည်။
ကုမ္ပဏီထဲရောက်တော့ လေ့ကျင့်ခန်းထဲသို့တန်းပြေးလာခဲ့သည်။ ညီညီဝင်လာတာကိုမြင်တော့ အကုန်လုံးကလှည့်ကြည့်လာ၏။ လေ့ကျင့်ခန်းထဲမှာ ဆိုးချန်ကလွဲလို့ အကုန်ရှိနေကြသည်။

ယောင်းမင်းလေးဆို ဇက်လေးပု ပဆစ်လေးတုပ်လို့။ အားလုံး၏စိတ်များမသာယာကြ။ အစ်ကိုဒယ်ဟိုဘေးနားသွားလိုက်ပြီး

"ဆိုးချန်ရော....."

"CEO ခေါ်လို့သွားတယ်"

အင်းပေါ့။ အကြောင်းပြန်ဖို့ကိစ္စ တစ်ခုခုတိုင်ပင်ဖို့သွားရမှာပေါ့။ ခုမှ Rookie ရှိသေးတာ။ အညွန့်ကိုချိုးမယ့်ကတ်ကြေးမှန်သမျှ ရှင်းရမှာပေါ့။
ဒါဆို ဆိုးချန်ကိစ္စက Idol ဖြစ်ပြီးနောက် ပထမဆုံးကြုံရတဲ့ Scandal ဟုပြောလို့ရသည်။

IDOLWhere stories live. Discover now