ဆွဲထည့်လိုက်လို့ ဘာဖြစ်လာလဲဆိုရင် ဆိုင်သူရောမဆိုင်သူပါ ပြုံဝင်လာကြသည့်အခါ ပြဿနာကအလုံးအရင်းနဲ့ကြီးသွားတာပေါ့။ ဒီလုပ်ငန်းစုကိုအဟန့်အတား တစ်ခဏတာဖြစ်နေစေချင်ရင်သော်လည်းကောင်း၊ မမီနိုင်သေးသည်မို့ ဒီလုပ်ငန်းစုကြီးရဲ့အရှိန်အနည်းငယ်လျော့သွားစေချင်ရင်သော်လည်းကောင်း စသဖြင့် ​မဟုတ်တာအဟုတ်လုပ်ပြီးဖွတာမျိုးတွေလည်းရှိခဲ့ပါသည်။ အများဆူံးပါကြတာက Haters တွေပဲ။

သတင်းတွေရဲ့အောက်ကမှတ်ချက်တွေမှာဆို ကုမ္ပဏီမကောင်းကြောင်းထက် ဆိုးချန်ကိုအပြစ်တင်ဝေဖန်တဲ့မှတ်ချက်တွေများပြီး ရေနစ်သူဝါးနဲ့ကူထိုးနေကြသလို။
ဒါ သက်သက်လုပ်ကြံတာ။ ဆိုးချန်ကိုတမင်ဆွဲထည့်တာ။ ကုမ္ပဏီကကြီးတော့ တစ်ခုလုံးကိုင်လှုပ်နိုင်အောင် ဆိုးချန်ကိုအသုံးချတာလို့ပင် ယညီညီကတော့မှတ်ယူ၏။

"တော်သေးတယ်.....ဒီအဖွဲ့ဖန်မလုပ်မိလို့"

"မယုံနိုင်စရာပဲ....အသက်ငယ်ငယ်လေးနဲ့ ဒီလို-ျီးစိတ်ဓာတ်ရှိနေမယ်လို့"

"ယော်ဒါပွန်းတို့ တို့ဖန်ဖြစ်ခဲ့မိတာနောင်တရလိုက်တာ။ ဖန်အဖြစ်ကထွက်ပြီ"

စသဖြင့်မှတ်ချက်များဆို ဖန်အယောင်​ဆောင်ဝင်မန့်တဲ့ Haters တွေပဲ။ ပြဿနာမီးက ဆိုးချန်တင်မရပ်ဘဲ အဖွဲ့ဆီကိုပါကူးပြောင်းလာနိုင်သည့် မှတ်ချက်များလည်းရှိသည်။ 

"လက်ညိုးမကောင်းရင်လက်ညိုးကိုဖြတ်လေ။ သူ့ကိုထုတ်ပစ်ပြီးငါးယောက်နဲ့ရှေ့ဆက်ပေါ့"

"ငါးယောက်နဲ့မှ ပြန်အားပေးတော့မယ်"ဆိုတာမျိုးတွေပေါ့။

သို့သော်လည်း ညီညီကတော့ ဆိုးချန်ထက်ဘာကိုမှ မပူမိ။

"ကဲပါကွာ...ဖတ်မနေနဲ့တော့။ မင်းပဲစိတ်ညစ်နေရမှာ"

လက်ထဲကဖုန်းကို ဇေက ကားမောင်းရင်းလက်တစ်ဖက်နှင့်ဆွဲယူလိုက်သည်။ ညီညီ့ရင်ထဲအပူလုံးကြီးစို့တက်နေတာ။ ဒီနေ့ Schedule နည်းလို့အိမ်မှာအေးဆေးအိပ်နေရင်း ဇေပြောလို့ခေါင်းနပန်းကြီးနေတာခုထိ။

"မြန်မြန်မောင်းပေးပါဆို.....ဇေရာ"

"အင်းပါကွာ....မောင်းနေပြီ"

IDOLWhere stories live. Discover now