ကျွန်တော်တို့ ထမင်းစားခန်းထဲကို ဝင်လာပြီးနောက် ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်တော့ ဥယျာဉ်ထဲက စက်ပစ္စည်းတွေကော၊ သုတေသီတွေကော တစ်ယောက်မှ မမြင်ရတော့ဘူး။ နွားထီးကြီးကလည်း တစ်ယောက်မှ နှောင့်ယှက်မဲ့သူ မရှိတော့ မြက်ခင်းပေါ်မှာ အေးဆေးလှဲနေတယ်။

အခု နှောင့်ယှက်မဲ့သူတွေက ပျောက်ကုန်ပြီဆိုတော့ ကျွန်တော့်အပိုင်းကို လုပ်ရတော့မယ်။

“ကျွန်တော့်မှာ ပြောစရာ ရှိတယ်”

ကျွန်တော့်စကားကြောင့် ဂီဟျွန်ဂျူးက လှည့်ကြည့်လာတယ်။

“ဟအွန်ဆိုးကို ဖုန်းခေါ်လိုက်-“

အဲဒီ့ တစ်ယောက်က ကျွန်တော် ယုံကြည်လို့ ရပါ့မလား? ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ဆက်ပြောလိုက်တယ်။

“ဂွမ်ဂျယ်ဟော့ကိုကောပဲ၊ လူတိုင်း သိထားရမယ်”

ဂီဟျွန်ဂျူးက သူမလုပ်လိုက်မယ်ဆိုကာ ကျွန်တော့်ကို ဧည့်ခန်းမှာ စောင့်နေခိုင်းတယ်။

ကျွန်တော်တို့ ဆိုဖာပေါ် ထိုင်လိုက်တော့ ဂျောင်ရီဂျွန်းက မေးလာတယ်၊ “မင်း အဲဒီ့ဟာ အကြောင်း ပြောတော့မှာလား?”

“ငါသူတို့ကို ပြောပြရမယ်-“

ကျွန်တော်ပြန်ဖြေလိုက်တော့ ဂျောင်ရီဂျွန်းက မကျေနပ်ကြောင်း တုံ့ပြန်တဲ့အနေနဲ့ ဆူပုတ်ပြီး နေနေတယ်။

ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်တွေကို လျှို့ဝှက်ထားသင့်မှန်း သိကြပါတယ်လေ။

“မင်းသိလား… အခြားလူအများကြီးနဲ့ အဲဒီ့ဟာ(မှော်စွမ်းအား ငှားသုံးတာ၊ တစ်နည်း နမ်းတာ) လုပ်တာမျိုးက မကောင်းဘူးနော်”

“အဲဒါက ဘာမကောင်းတာလဲ?”

“ဒီအတိုင်း… ဒီအတိုင်း ငါပြောတာယုံလိုက် ဟုတ်ပြီလား? မင်းနေမကောင်း ဖြစ်နိုင်တာမလို့ အဲဒါက မကောင်းဘူး!”

ဂျောင်ရီဂျွန်းက အဲဒါကြောင့် ကျွန်တော် နေမကောင်းဖြစ်နိုင်တယ်လို့ ပြောတော့ ကျွန်တော် ရယ်လိုက်တယ်။

“ငါက နေမကောင်းဖြစ်လို့ မရမှတော့ ငါမင်းနဲ့လည်း မလုပ်တော့ဘူး”

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Zawgyi)Where stories live. Discover now