ရှောင်းကျန့်က ဟမ်ဘာဂါကိုသာ ယူပြီး စကားပြန်မပြောခဲ့ပေ။ ဘာဒါဆီကနေ ရှောင်းကျန့်က ဟမ်ဘာဂါအရမ်းကြိုက်တာလို့ သိခဲ့ရသည်ကြောင့် ကားမထွက်ခင်ဝယ်ခဲ့ပေ့မယ့် ရှောင်းကျန့်ကတော့ မကြိုက်သလို တစ်ကိုက်သာ စားပြီး ရပ်နေခဲ့သည်။

"ကျွန်တော် တောင်းပန်ပါတယ်"

ရှောင်းကျန့်က ခေါင်းငုံ့ကာ တောင်းပန်နေသော ရိပေါ် ဘက်ကို လှည့်ကြည့်၍ အတွေးများနေခဲ့သည်။ တကယ်ပဲ ဘာတွေဖြစ်သွားလဲ ဆိုတာကို သူကိုယ်တိုင် သေချာမသိဖြစ်နေတာမလို့ ၊ဒါ ရိပေါ် အမှားပါလို့ သူမပြောချင်။

"မနေ့က လည်ပင်းက ဒဏ်ရာ မရှိတော့ဘူး"

ရှောင်းကျန့်က ထိုစကားပြောကာ ပြတင်းပေါက်ဆီပြန်လှည့်သွားသည်။
နွမ်းလျနေသော မျက်နှာလေးကြောင့် ရိပေါ် လက်သီးကို တင်းတင်းဆုပ်‌မိသွားသည်။

"တကယ်တော့ ကျွန်တော်က .."

"မနေ့က ကိစ္စကို ခနမေ့ထားရအောင် ရိပေါ် "

"ရှောင်းကျန့် "

ရိပေါ်က အရမ်းအံ့ဩသွားပြီး ရှောင်းကျန့် ခန္ဓာကိုယ်ကို ကိုင်လိုက်တာက အရမ်းကြမ်းသလိုဖြစ်သွားတာကြောင့် ရှောင်းကျန့် ခေါင်းများချာချာလည်မူးသွားသည်။

"ရိပေါ် ဖြည်း ဖြည်း ၊ ကျွန်တော် အဆင်ပြေပါတယ်"

"အိမ်ရောက်ဖို့က ဝေးသေးတော့ ကျွန်တော် ခနအိပ်လိုက်အုန်းမယ်၊ ရောက်မှ နိုးတော့နော်"

ရှောင်းကျန့်က မျက်လုံးများမှိတ်လိုက်သည်ကြောင့် ရိပေါ်လည်း ဘာမှဆက်မပြောနိုင်တော့။ ထို့ကြောင့် ရှောင်းကျန့်၏ ခေါင်းကို အသာကိုင်ကာ ပခုံးပေါ် လျဲချလိုက်သည်။

"ဒီလိုအိပ်တာက နည်းနည်းသက်သညတယ်"

"ကျေးဇူးပါ ရိပေါ် "

___

ဒီနေ့နဲ့ဆို ရှောင်းကျန့် နဲ့ မတွေ့ရတာ တပတ်ရှိပြီ ဖြစ်သည်။ နေကြာရာသီပြီးပြီးမလို့ ပန်းခင်း ပြောင်းစိုက်လာကြသည်။ ဒီတစ်ခေါက်ပန်းခင်းက ရှောင်းကျန့်တို့အိမ်နှင့် နီးသည်ကြောင့် ရိပေါ် ပန်းမစိုက်ခင် ရှောင်းကျန့်ကို လာတွေ့သည်။ ဒါပေ့မယ့် ရှောင်းကျန့်ကတော့ ထွက်မတွေ့ခဲ့ပေ။

Until Then..Where stories live. Discover now