ရှောင်းကျန့်က ထိုင်နေသော ရိပေါ်နားသို့ တိုးကပ်ကာ မေးလိုက်သည်။ ရိပေါ်က သင်းပျံ့နေသော ကိုယ်သင်းနံ့ကြောင့် ရှောင်းကျန့် တစ်ကိုယ်လုံးကိုဝါးမြိုချင်သကဲ့သို့ ဖြစ်နေသည်။ ပိုသင်းပျံ့လာသော အမွှေးရနံ့က ရိပေါ်ကို စားပါ၊စားပါ ဟုခေါ်နေသလိုပင်။
ရိပေါ်က ရှောင်းကျန့်ရဲ့ ဘက်ဘယ်လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရင်း ညာဘက်ပခုံးကိုကိုင်ကာ တွန်းရင်း ကြမ်းပြင်ပေါ် လှဲချလိုက်သည်။ ရှောင်းကျန့်က ရိပေါ် ဒီလိုလုပ်မည်မထင်ထား၍ အံ့ဩနေသောကြောင့် ရိပေါ် စေခိုင်းရာ အတိုင်းဖြစ်နေသည်။
"ရိ ရိပေါ် "
"အရမ်း မွှေးတယ်"
တလွင့်လွင့်ဖြစ်နေသော လိုက်ကာနှင့် တိုက်ခတ်နေသော လေက လိုက်ဖက်ညီစွာ ကခုန်နေသကဲ့သို့ ၊ ဖွင့်ထားသော တီဗီမှ ပြသနေသော စုန်းမလေးဇာတ်လမ်းသည်လည်း၊ အခန်းတွင်းရှိ လူနှစ်ဦး၏ ဆက်ဆံရေးကို အားပေးနေသကဲ့သို့ပင် ၊ အရာရာဟာ အံဝင်ခွင်ကျဖြစ်နေခဲ့သည်။
ဒီလူနှစ်ဦးဟာ ကံစီမံပေးလို့ တွေ့ဆုံခွင့်ရခဲ့တာပဲ။
__
ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာအိပ်ပျော်နေသော လူကိုကြည့်ကာ ရိပေါ် မနေ့ကအကြောင်းများကို ပြန်သတိရလာခဲ့သည်။နှစ်ယောက်လုံးသည် ကိုယ်လုံးတီးဖြစ်နေကာ ခန္ဓာကိုယ်ပေါ်တွင် စောင်တစ်ထည်တည်းသာ ရှိနေသည်။ မနေ့က ရှောင်းကျန့် လည်ပင်းရှိ ဒဏ်ရာသည် မဖြစ်ခဲ့ဘူးသလို ရှင်းလင်းနေသည်။ ရိပေါ်က ရှောင်းကျန့်ရဲ့ ချောမွတ်ကာ ရဲတဲတဲလေးဖြစ်နေသော နေရာများကို လက်နှင့် ထိတွေ့ကာ -
"တောင်းပန်ပါတယ်။"
____
"ကျွန်တော့် ကို စိတ်ဆိုးနေတာလား"
"ဟမ် "
ရှောင်းကျန့်က ကားစထွက်ကတည်းက အပြင်ရှိအရာများကိုသာ ကြည့်နေပြီး အရမ်းငြိမ်သက်နေတာကြောင့် အသက်မှရျူသေးရဲ့လားဆိုတာ စိုးရိမ်မိသည်။
ရိပေါ် ၊ ဟမ်ဘာဂါအထုတ်ကို စက္ကူစဖြည်ရင်း ရှောင်းကျန့်ရှေ့ပေးကာ မေးလိုက်သည်။
YOU ARE READING
Until Then..
Fanfictionကောင်းမွန်တဲ့အရာတွေကို မင်းနဲ့ အတူ ဖန်တီးချင်တယ်။ P.S -ချစ်ရတဲ့ရှို့ရှို့လေးအတွက်ရေးပေးထားခြင်း ဖြစ်ပါတယ်💛
C-2 Unicode
Start from the beginning
