'ရိပေါ် ! ကျွန်တော့်ကို ကြည့်ပါအုန်း ။ အဲ့လိုမျိုးကြောက်စရာကောင်းအောင်မလုပ်ပါနဲ့'

'အားးးးး'

ရှောင်းကျန့် လန့်နိုးလာချိန်တွင် အခန်းထဲမည်သူမျှ မရှိပေ။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေပြီး ဖွင့်ထားသော တံခါးမှ လေတိုးသံများသာ ကြားနေရသည်။

"ပြဇာတ်ကိုကြည့်ပြီး စိတ်ဆွဲတာဖြစ်မယ်။ ရိပေါ်က ပြန်မလာသေးဘူးလား"

ရိပေါ်က ပြန်မလာသေးတာကြောင့် ရှောင်းကျန့် ရေချိုးဖို့ပြင်လိုက်သည်။

'ဒေါက် ဒေါက်'

ရှောင်းကျန့် ရေချိုးခန်းထဲဝင်ခါနီးမှအပြင်က တံခါးခေါက်လာသည်ကြောင့် လန့်သွားသည်။ တံခါးက ဆက်တိုက်ခေါက်လာတာကြောင့် မိုတယ်က ပေးထားသော ရေချိုးဝတ်စုံကို ဝတ်ကာ တံခါးအရင်ဖွင့်ဖို့ပြင်လိုက်သည်။

"လာပြီ ....ခနနော်"

"အင့် ..."

တံခါးဖွင့်ဖွင့်လိုက်ချင်း ရင်ခွင်ထဲ ပြိုလဲလာသော ခန္ဓာကိုယ်ကြောင့် အရှိန်မထိန်းနိုင်စွာ အနောက်သို လဲကျသွားသည်။

"ရိပေါ် ?"

အရှိန်မထိန်းနိုင်စွာလဲကျသွားသည်မို့ ရေချိုးဝတ်စုံသည် ကပို့ကရို့ဖြစ်ကာ ရင်ဘတ်လစ်ဟသွားသည်။ ရိပေါ်က လစ်ဟနေသော ရှောင်းကျန့် ရင်ဘတ်ကိုအားပြု လက်ထောက်ကာ ခေါင်း‌ေထာင်လာပြီး မောပန်းနေသော အသံနှင့် နာမည်ကို ခေါ်လာသည်။

"ရှောင်း ကျန့် "

ရိပေါ်က နီရဲနေသော ရှောင်းကျန့်လည်ပင်းကို လျှာနွေးနွေးနှင့် ယက်လိုက်သည်။ ရှောင်းကျန့်က လန့်သွားသည်မို့ ကြက်သီးမွှေးများထလာကာ ရိပေါ် ကို တွန်းထုတ်လိုက်သည်။

"ဟို ဟို ရိပေါ် , ရေအရင်ချိုးမလား"

ရှောင်းကျန့်က ကပို့ကရို့ဖြစ်နေသော အကျီကို ပြင်ရင်း မေးလိုက်သည်။ ရိပေါ်က ကြမ်းပြင်တွင် ထိုင်နေလျက်ရှိပြီး စိတ်လှုပ်ရှားနေသော ရှောင်းကျန့်ကို မော့ကြည့်ကာ -

"ရှောင်း ကျန့် ! ကျွန်တော် အား မရှိတော့ဘူး ။"

"ဟမ် ! ရိပေါ် ဘာပြောတာလဲ"

Until Then..Where stories live. Discover now