"ဟို တစ်ယောက်ယောက်က ကျွန်တော့်လည်ပင်းကို ညစ်လိုက်သလိုပဲ ၊ အဲ့ကြောင့် ရုန်းရင်း အနောက်လှန်ကျတာထင်တယ်။ မဟုတ်ဘူး , ရိပေါ် လက်ကို ကိုင်လိုက်လို့ "

"ဟမ် !"

ရိပေါ်က ရှောင်းကျန့်၏ကိုယ်သင်းရနံ့ကြောင့် ပတ်ဝန်းကျင်‌တွင် မည့်သည့် အနံ့ကိုမျှ မခံစားရဖြစ်နေသည်။ထို့ကြောင့် အာရုံက စုစည်းမရကာ ဗလာကျင်းနေခဲ့သည်။

"အရင်ဆုံး မိုတယ် ရှာရအောင်။ရှောင်းကျန့် အရင်နားလိုက် တစ်နေကုန် မနားရသေးလို့ စိတ်ခြောက်သွားတာဖြစ်မယ်"

"ရိပေါ်က တကယ်ပဲ ကျွန်တော် စိတ်ခြောက်ခြားနေတယ်လို့ ထင်နေတာလား"

"..."

ရှောင်းကျန့်က အနောက်တွင် ရပ်နေကာ ရိပေါ် လုပ်သမျှကို လိုက်ကြည့်နေသည်။ ရိပေါ်က ကောင်တာက အစ်မလှလှလေးနဲ့ စကားပြောနေကာ တစ်ချက်တစ်ချက်လည်း အနောက်ကို လှည့်ကြည့်နေသေးသည်။ ရှောင်းကျန့်က ရိပေါ် ကို စိတ်ဆိုးချင်ယောင်ဆောင်နေတာမလို့ မိုတယ်ရှာနေတဲ့ တစ်လျှောက်လုံး စကားတစ်လုံးမှ မပြောခဲ့ပေ။

"နှစ်ယောက်တစ်ခန်းယူလိုက်မယ် ၊ ကုတင်နှစ်လုံးပါတယ်တဲ့"

ရိပေါ်က နံပါတ်ပါတဲ့သော့ကို ကိုင်ကာ ရှောင်းကျန့်ကို လှမ်းပြောသည်။ ရှောင်းကျန့်လည်း နံရံမှီနေရာမှ သေချာ မတ်မတ်ရပ်ကာ-

"ရိပေါ် သဘောပါ"

__

"ကျွန်တော် ညစာစားဖို့ သွားဝယ်လိုက်မယ်။ဆေးလည်းတစ်ခါတည်းဝယ်ခဲ့မှာမလို့ ရှောင်းကျန့် အရင်အနားယူနှင့် "

"အင်း"

ရိပေါ် ထွက်သွားသည်နှင့် ရှောင်းကျန့်လည်း ကုတင်ပေါ် လှဲချလိုက်သည်။ တစ်နေကုန် ကားစီးပြီး ၊ပြဇာတ်တန်းကြည့်လာကြသည်မို့ တော်တော်လေးပင်ပန်းနေသည်ကို ဝန်ခံသည်။ ခေါင်းအုံးပေါ် ခေါင်းချလိုက်သည်နဲ့ မှေးစင်းလာသော မျက်လုံးများကြောင့် တစ်ရေးအိပ်ပြီးမှ ရေချိုးဖို့ စဉ်းစားကာ အိပ်ပျော်သွားခဲ့သည်။

'မဟုတ်ဘူး ! မလုပ်ပါနဲ့ ရိပေါ် ၊ အဖေကို မသတ်ပါနဲ့ တောင်းပန်ပါတယ်'

Until Then..Where stories live. Discover now