'တကယ်ပဲ ငါ့အဖေကို သတ်လိုက်တာလား'
'မဟုတ်ဘူး ! ကျွန်တော် ရှင်းပြမယ်'
'ဘာလို့လဲ , ဘာလို့ ငါ့အဖေမှလည်း'
ပြဇာတ်ထဲတွင် သူငယ်ချင်းနှစ်ဦးသည် နာကျင်စွာ မျက်ရည်များနဲ့ ရန်ဖြစ်နေခဲ့ကြသည်။ ထိုနည်းတူ ထိုပြဇာတ်ကို ကြည့်နေသော သူများထဲမှ ရှောင်းကျန့်လည်း မျက်ရည်များကျနေသည်။ ရိပေါ်က မျက်တောင်ဖျားလေးတွင် တွယ်ကပ်နေသော မျက်ရည်စလေးများကို သေချာကြည့်ကာ ပြုံးနေသည်။ရှောင်းကျန့်က ရိပေါ် ထိုသို့ စိုက်ကြည့်နေသည်ကို နေရခက်လာကာ စကားစပြောလိုက်သည်။
"အရမ်းသနားစရာကောင်းတာပဲ ဒယ်အတ်စ် မသတ်ဘူးဆိုတာကို ဆူလီဗာ သိသင့်တယ်နော် ရိပေါ်"
"ဆူလီဗာသာ ဒယ်အတ်စ် ရှင်းပြတာကို နားထောင်ခဲ့ရင် သူတို့ ဒီလိုနာကျင်ရမှာ မဟုတ်ဘူး"
"အင်း"
ရိပေါ်က ခေါင်းငြိမ့်ပြပြီး ဇာတ်စင်ဘက် ပြန်လှည့်သွားမှ ရှောင်းကျန့်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိသည်။ ပြဇာတ်ကပြီးသွားပြီမို့ ပြန်ကြသူများနဲ့ ဇာတ်စင်ပေါ်မှ သရုပ်ဆောင်များနှုတ်ဆက်တာကို ကြည့်နေသော သူများလည်း ရှိသသောကြောင့် လူများရှုပ်နေသည်။
"အချိန်လည်း မနည်းတော့ဘူး ။ ရိပေါ် ဗိုက်ဆာပြီလား။ အဖေက ညစာကို စပါကတီစားခဲ့ဖို့ မှာပြီး ပိုက်ဆံအများကြီးပေးလိုက်တယ်"
"ကျွန်တော့်ကိုလည်း ပေးလိုက်တယ်။ ရှောင်းကျန့်က ညစာအတွက် တာဝန်ယူလိုက်၊ ကျွန်တော်က ဒီညနားဖို့ မိုတယ်ရှာပြီး တာဝန်ယူမယ်"
"ကောင်းပါပြီဗျာ"
နှစ်ယောက်အတူ ပြဇာတ်ရုံအပြင်ရောက်တော့ တော်တော်မှောင်မဲကာ ညငှက်လေးများနဲ့ လမ်းမကြီးက ပြည့်နေပြန်သည်။ အလင်းရချိန်တွင် ကားများနှင့်ပြည့်နေပြီး ၊ အလင်းပိတ်သွားချိန်တွင်တော့ ညငှက်များနှင့် ပြည့်နေခဲ့သည်။
ရှူးးးး
"အမေ့ !."
"ဘာဖြစ်လို့လဲ ရှောင်းကျန့် "
ရှောင်းကျန့်ရဲ့ ပစ်လှဲသွားသော ခန္ဓာကိုယ်ကို ဆွဲထူရင်း ရိပေါ် မေးလိုက်သည်။ ပတ်ဝန်းကျင်က မှောင်ပြီး နီယွန်မီးသီး မှိန်မှိန်လေးကြောင့်သာ မျက်နှာတွေမြင်နေရတာဖြစ်သည်။ရှောင်းကျန့်က လည်ပင်းကို ပွတ်ပြီး မောဟိုက်သလိုလေးဖြစ်နေတာမလို့ ရိပေါ် ပိုစိတ်ပူသွားကာ ပွတ်နေတဲ့ ရှောင်းကျန့် ရဲ့ လက်တွေကို ဆွဲဖမ်းရင်း လည်ပင်းကို ကြည့်လိုက်သည်။
YOU ARE READING
Until Then..
Fanfictionကောင်းမွန်တဲ့အရာတွေကို မင်းနဲ့ အတူ ဖန်တီးချင်တယ်။ P.S -ချစ်ရတဲ့ရှို့ရှို့လေးအတွက်ရေးပေးထားခြင်း ဖြစ်ပါတယ်💛
C-2 Unicode
Start from the beginning
