" ဖြစ်ခဲ့သမျှ အရာအားလုံး အတွက် နိုနို တောင်းပန်ပါတယ် ကိုကြီး ။ ပြီးတော့ ဒယ်ဒီနဲ့ မာမီ မကောင်းတာကို နိုနို လက်ခံတယ် ဒါပေမယ့် သူတို့ မကောင်းတိုင်း နိုနို့ကိုပါ မကောင်းဘူး လို့ ပုံသေမသတ်မှတ်ပါနဲ့ ကိုကြီး "
အသက်အရွယ် နဲ့ မလိုက်အောင် ကို ဒီကလေးက တည်ငြိမ်လွန်းလှသည် ။ သူပြောသလို ဆိုင် တစ်ကယ်ပဲ အသိအမှတ် ပြုပေးလိုက်သင့်ရဲ့လား ။" မင်းက ဘာဖြစ်လို့ ဆိုင့်ကို ကပ်နေရတာလဲ နိုဗီ "
အဏ္ဏဝါ မနေနိုင်တော့၍ ဝင်မေးလိုက်ခြင်းဖြစ်သည် ။
" အားလုံး ပြီးဆုံးသွားတဲ့အခါ ကျရင် နိုနို့မှာ သွေးသားဆိုလို့ ကိုကြီး ပဲ ကျန်တော့မှာ လေ "
အစကတော့ သူပြောတဲ့ အဓိပ္ပာယ် ကို ဆိုင် သေချာနားမလည်ပေမဲ့ သေချာ ပြန်တွေး
ကြည့်ပြီးသည့် နောက်မှာ တော့ နေကြည်အလင်းဆိုင် စကားတောင် မပြောနိုင်တော့ ။သူနားလည်လိုက်ပြီ နိုဗီက အစောထဲက ဒါတွေ အားလုံးကို ဖော်ထုတ်ချင်ခဲ့တာ ဒါပေမယ့် သူ့အနေအထားနဲ့ ခက်ခဲတာကြောင့် ဆိုင် လွတ်လာမဲ့ အချိန်ကို စောင့်နေခဲ့တာ ။
ပြီးတော့ သူ့မိဘတွေ အကြောင်း ကို သိသူပီပီ နောက်ဆုံး ဆိုင်နဲ့ တစ်ဖက် ထဲ ရပ်တည်ဖို့ ရွေးချယ်လိုက်တဲ့ သဘောပဲ ။
ခုနှစ်နှစ် ဆိုပေမယ့် ဒီကလေးရဲ့ စဥ်းစားတွေးခေါ်မှုက သူပင်လိုက်မမှီ ။
" ငါကလည်း မင်းနဲ့ အဖေတူ အမေကွဲ ညီအကိုပဲလေ "
" ကိုကြီး နဲ့ မတူဘူး နိုနို့ အတွက် ကိုကြီး က မာမီ့ဘက်ကမို့ ပိုပြီး သံယောဇဉ် ရှိတယ် ပြီးတော့ ကိုကြီး က အနစ်နာဆုံးသူမို့ နိုနို ကိုကြီး နဲ့ပဲ နေမှာ "
အဖေတူအမေကွဲ နဲ့ အမေတူ အဖေကွဲ ချင်း အတူတူ တောင် နိုဗီ က ဆိုင့်ကို ပိုပြီး သံယောဇဉ် ရှိနေသေးတာ ရိုးရောရိုးရဲ့လား ။
" ကောင်းပြီ နိုဗီ မင်းကို ငါ့ညီအဖြစ် ငါလက်ခံပေးမယ် တစ်ခုတော့ ရှိတယ် ငါ့ဆီက အကိုတစ်ယောက်လိုမျိုး ဂရုစိုက်မှုကိုတော့ မျှော်လင့်လို့ မရဘူး မင်း လက်ခံလား အာ့ "