ချမ်းသာတဲ့ဒုတိယမျိုးဆက်ဖေဖေကြီး Arc - 1.3 [U]

Start from the beginning
                                    

သူမရဲ့ သေးငယ်ပြီး ချစ်ဖို့ကောင်းတဲ့ လက်တုတ်တုတ်လေးတွေက ဦးတည်ရာမဲ့နေသလို သူမရဲ့ ဖြူဖြူဖွေးဖွေး ခြေထောက်တုတ်တုတ်လေးတွေကို လျှောက်ပွတ်နေမိသည်။

မစ္စတာလော့: "......"

သူ မနေနိုင်ပဲ တွေးနေမိတယ်။ သူက "ဦးလေး"လို့ အခေါ်ခံရမှာလား?? "ဖိုးဖိုး" လို့အခေါ်ခံရမှာလား??

မဟုတ်ပါဘူး.... သူ ဘာလုပ်ချင်နေမိတာလဲ?? လက်ရှိအဓိကပြဿနာက သူ့သားမှာ ဘယ်တုန်းက ဒီလောက်ကြီးတဲ့သမီးရှိသွားရတာလဲ??

အဖေတစ်ယောက်အနေနဲ့ မစ္စတာလော့က သူ့ရဲ့မယုံကြည်ရတဲ့သား လော့ရှန်းအကြောင်း ကောင်းကောင်းသိသည်။ ပြီးတော့ ဒီကလေးက သူ့သားရဲ့ကလေးဟုတ်လားဆိုတာတောင် သူမသေချာဘူး။

ဒီကလေးမသေးသေးလေးက အရမ်းချစ်ဖို့ကောင်းပြီး သူ့ဘေးမှာ ရှက်ရွှံ့စွာရပ်နေကာ သူ့ကို ချစ်ဖို့ကောင်းစွာကြည့်နေ၏။ မစ္စတာလော့ရဲ့ ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ဖခင်စိတ်တွေက တဖွားဖွားပေါ်ပေါက်လာခဲ့သည်။

သူက ဖော်ရွေတဲ့အပြုံးလေးပြုံးပြဖို့ ကြိုးစားလိုက်ပေမယ့်လည်း တစ်ခြားတစ်ဘက်ရဲ့မျက်လုံးထဲမှာ ကြောက်ဖို့ကောင်းတဲ့ ရက်စက်တဲ့မျက်နှာကြီးဖြစ်နေသည်။ ဦးထုပ်နီကောင်မလေးကို ပြန်ပေးဆွဲမယ့် ဝံပုလွေကြီးအတိုင်းပင်။

ကံကောင်းတာက ယင်ယင်က ကြောက်တတ်တဲ့ကလေးလေး မဟုတ်ဘူး။ သူမရဲ့ အလိုလိုသိစိတ်က တိရစ္ဆာန်ပေါက်စလေးတွေလိုပင်။ ဒီအန်ကယ်ကြီးက သူမကို အန္တရာယ်မပေးချင်တာ သိနေတဲ့အပြင် သူမဖေဖေကို တွေ့နိုင်ဖို့ ဒီအန်ကယ်ကြီးကို အားကိုးရဦးမည်။ ရုတ်တရက် သူမခေါင်းလေးကို မော့လိုက်ပြီး ချိုသာတဲ့အပြုံးလေးနဲ့ "အန်ကယ်... ဖေဖေ အိမ်မှာရှိလား?"

မစ္စတာလော့: "......"

အဲ့အကောင်စုတ်က သေသွားပြီ!!!

မစ္စလော့က တံခါးကအသံတွေကြားတော့ ထွက်လာသည်။

ပုံမှန်လိုပင် သူမယောက်ျားကို နှုတ်ဆက်ဖို့လုပ်လိုက်တဲ့အချိန် သူမရှေ့က မြင်ကွင်းကြောင့် ကြောင်အသွားသည်။ သူမပြောချင်တဲ့စကားတွေတောင် ထွက်မလာတော့ဘူး။

ဖေဖေဖြစ်ရတာပျော်နေတဲ့ ဗီလိန်ကြီးWhere stories live. Discover now