ကုကုလေးက ပန်းလေးရဲ့အလယ်ဝတ်ရည်နေရာကို လိမ္မော်အရသာအဝါရောင်ယူပြီးပွင့်ဖက်နေရာကို စတော်ဘယ်ရီအရသာအနီရောင်လေးနဲ့အလှဆင်နေသည် ။ ကုကုလေးက အတွေ့အကြုံရှိ၍ ပန်းပွင့်လေးကို လက်ရာမြောက်အောင်အလှဆင်နိုင်ခဲ့သည် ။
ဧကရာဇ်မောင်ရဲ့မုန့်က နကိုထက်ပိုကြီးသွား၍ ခရမ်ကိုအရောင်မျိုးစုံဖြင့်အလှဆင်လိုက်သည် ။ အားလုံးပြီးသွားတော့ ဆရာဆရာမတွေက ကလေးတွေရဲ့မုန့်တွေထဲက အလှဆုံးမုန့်ကိုရွေးချယ်ကြသည် ။ အရသာရှိတာထပ် သေသပ်လှပမှုကိုဦးစားပေ၍ ကုကုရဲ့မုန့်လေးက ရွေးချယ်ခံလိုက်ရသည် ။
ဧကရာဇ်မောင်က သူ့ရဲ့မုန့်ကို သေချာစွာသိမ်းထားပြီး အပြန်ကြမုဒြာကိုပေးဖို့ရည်ရွယ်ထားသည် ။ ကုကုလေးက ပထမရ၍ ပျော်နေပြီး သူ့ပါပါးဆီက ဆုကိုမတောင်းသေးပေ ။
မုဒြာက သူ့သားလေးရဲ့မုန့် ရွေးချယ်ခံရ၍ ဘက်လိုက်သည်ဟုထင်မည်ဆိုးကာ ဒုတိယနဲ့တတိယကိုပါရွေးချယ်ပြီး ဆုရတဲ့ကလေး ၂ ယောက်ကို သူ့ရဲ့မုန့်ဆိုမှာ တစ်ရက်တိတိအကြိုက်လာစားဖို့ခွင့်ပြုလိုက်သည် ။
ကလေးလေးတွေကလဲ ပျော်ရွှင်သွားကြပြီး သူတို့လုပ်ထားတဲ့မုန့်တွေကို မိဘတွေကိုကြွေးဖို့သိမ်းပြီး အတန်းထဲကို ပြန်သွားကြလေသည် ။ မုဒြာတို့ လေ့ကျင့်ပေးရမည့်အချိန်က ၂ နာရီထည်းမို့ ပြီးသွားတော့ ကျောင်းဝန်းထဲကနေ ထွက်လာကြသည် ။
ဧကရာဇ်မောင်က မုဒြာအနောက်ကနေ ထပ်ကြပ်မကွာလိုက်လာပြီးနောက် မုဒြာစက်ဘီးကိုယူလာတော့ အနောက်ကနေစက်ဘီးကို လှမ်းဆွဲလိုက်သည် ။ သူ့ရဲ့ပုံစံက အချောအလှလေးကို လိုက်နှောက်ယှက်နေတဲ့ လမ်းကြားတွေထဲက လူဆိုးနှင့်ပင်တူနေသည် ။
" ဟိုလေ … ကိုယ့်ကို တစ်ခုလောက် ကူညီပါလား "
မုဒြာက တည်ငြိမ်စွာပင် ပြန်မေးလိုက်သည် ။
" ဘာကို ကူညီရမှာလဲ "
ဧကရာဇ်မောင်က အတတ်နိုင်ဆုံး သနားစရာကောင်အောင် မျက်နှာငယ်လေးနဲ့ဆိုလိုက်သည် ။
YOU ARE READING
Hidden love " ကုမုဒြာ "( complete )❤️
Romanceလရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...
Chapter - 45
Start from the beginning