အခန်း◀၃၄▶

Start from the beginning
                                    

" ထင်လို့? "

" ငါ့ကိုမနေ့ကညနေက ချမ်းမွန်လာမေးတယ် တမန်... မင်းဒီမှာရောက်နေသလားတဲ့... မင်းနဲ့တွေ့သလားတဲ့... သူမင်းကိုတွေ့လိုက်တယ်လို့ထင်တယ်တဲ့ "

တမန်သည် အခုမှစိုးရိမ်တကြီးရင်ထိတ်သွားကာ..

" မင်းဘာပြောလိုက်လဲ.."

" မတွေ့ဘူးလို့ပြောလိုက်တာပေါ့... တကယ်လည်းတွေ့မှမတွေ့တာ.... ဒါပေမယ့် စိတ်ထဲမှာမင်းများရောက်နေသလားလို့ထင်ပြီးတော့ ဒီမနက်ထလာခဲ့တာ... ဒါဖြင့် ချမ်းကမင်းကိုတကယ်တွေ့ခဲ့တာပေါ့"

ဟုတ်ပါရဲ့ ချမ်းကလေးဟာတကယ်ပဲ သူ့ကိုတွေ့လိုက်သေးတာပေါ့။တကယ်တော့ အဲ့ဒါသူ့အပြစ်ပါ။သူမအောင့်အည်းနိုင်လိုက်တာ။

ဘာအလုပ်မှမရှိ။မိသားစုလည်းမကျန်ရစ်သည့် ဒီနေရာကို သံယောဇဉ်မပြတ်စွာ ညှို့ချက်မိထားသော သားကောင်တစ်ကောင်လို တဝဲလည်လည်နဲ့ခဏခဏပြန်လာနေရသည့်အကြောင်းရင်းက တစ်ခုတည်းသာပါပဲ။ချမ်းဆိုတဲ့ကောင်ကလေးတစ်ယောက်ကိုငေးမောမျှော်ကြည့်ဖို့ကလွဲရင် ဘာများရှိဦးမှာလဲ။

ချမ်း ဘယ်ကိုသွားတတ်တယ် ဘယ်ကိုလာတတ်တယ် ဘာတွေကြိုက်တတ်တယ်ဆိုတာ အမြဲတမ်းနီးနီးကပ်ကပ်နေလာသည့် တမန်ကအသိဆုံးပဲမဟုတ်လား။အနောက်ကတကောက်ကောက်လိုက်စရာမလိုပဲ လမ်းကဆိုင်တစ်ခုခု... နေရာတစ်ခုခုကနေ စောင့်ကြည့်ရုံနဲ့ ဘယ်သူမှမသိစေ မမြင်စေ နောက်ဆုံးချမ်းကိုယ်တိုင်တောင်မရိပ်မိစေရပဲ ချမ်းကလေးကို သူမြင်တွေ့အလွမ်းဖြေနိုင်ပါသည်။ဒီလိုပဲ ဒီတစ်နှစ် တစ်နှစ်ခွဲကာလအတွင်းမှာ သူသွားချည်ပြန်လှည့်နဲ့စောင့်ကြည့်လာခဲ့နိုင်တာပဲ။ချမ်း ကျောင်းတက်နေပြီဆိုသောအခါ ပိုတောင်လမ်းစကလွယ်ကူသွားသေးသည်။အရင်လို ရွှင်လန်းမြူးတူးလှုပ်ခတ်မနေပဲ မျက်နှာတည်တည် ငြိမ်ငြိမ်အေးအေးကလေးရှိနေတတ်သော ချမ်းကိုမူ ပျော်နေရဲ့လား... သူ့ကိုမေ့နေပြီလား...ဒါမှမဟုတ် လွမ်းဆွတ်တမ်းတကာနာကျင်နေတာပဲလား... သူမဝေခွဲတတ်။

မနေ့ကတော့ ကျောင်းပိတ်ရက်မို့ ဒီပါချမ်းမြနားကိုတော့ သွားဖို့စိတ်ကူးမရှိသည့်တမန်က ရောက်ရောက်ချင်းတစ်ရက်တော့နားပြီး နောက်တစ်နေ့မှ ကျောင်းနားကိုသွားမယ်လို့ တွေးထားတာပါ။ကိုယ့်ဘာသာအဝတ်အစားအနည်းငယ်နဲ့ စားစရာဝယ်ဖို့ထွက်တဲ့လမ်းမှာ ချမ်းကလေးကို မမျှော်လင့်ပဲ လှမ်းတွေ့လိုက်မိတာ။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now