အခန်း◀၃၄▶

Start from the beginning
                                    

" ဟေ့ကောင် ယူဆိုယူသွားလိုက်... နောက်တစ်ခွန်းထပ်ပြောရရင် မင်းကိုငါဆွဲထိုးပစ်လိုက်မယ်..."

ဆွဲထိုးခံရမှာကိုကြောက်လို့မဟုတ်ပေမယ့် သိဒ္ဓိစိတ်မဆိုးအောင် တမန်သော့ကိုယူထားလိုက်ရပါသည်။တကယ်တော့ ဒီလိုဖြစ်နေစရာအကြောင်းလည်းမရှိလှပါ။ဒါပေမယ့် စိတ်ကကို နေရာဟောင်းကိုမပြန်ချင် အရင်ကသိခဲ့ဖူးသူတွေကို မတွေ့ချင်မဆုံချင်ဖြစ်နေတာ သူဘာတတ်နိုင်မည်နည်း။ဖြစ်ခဲ့သမျှအတွက် ဘယ်သူ့ကိုမှသူအပြစ်မတင်တော့ပါ။ဘယ်သူ့အပြစ်မှမဟုတ်။သူ့အပြစ်သက်သက်ပဲ။သူသာ အဲ့ဒီညက မသောက်ခဲ့လျင် မမူးခဲ့လျင်... ပြီးတော့ အိမ်ကိုဖြောင့်ဖြောင့်တန်းတန်းပြန်ကာ အဲ့ဒီခြံကိုမသွားခဲ့ရင် ဒီလိုပြဿနာမျိုးနဲ့ကြုံဆုံစရာမရှိ။

ဒါပေမယ့် သူရှက်ပါသည်။နာပါသည်။တသက်လုံး ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်စောင့်ထိန်းလိမ္မာခဲ့ပါလျက် သူနာမည်ပျက်ရသေးလျင် ဘာကြောင့်များထိန်းချုပ်စောင့်စည်းနေဖို့လိုအပ်တော့မှာလဲ။ဒီဆင်ခြေနဲ့ သူကိုယ့်စိတ်ကိုယ်အလိုလိုက်နေမိတာပင်။တကယ်တော့ သူစိတ်လေနေတာ။

အခုအလုပ်အတူလုပ်နေသည့် သူငယ်ချင်းတွေဟာ ကျောင်းမှာတုန်းက တမန်နဲ့အလွန်တရာပင်ခင်ခဲ့ကြလျက် ကျောင်းပြီးတော့လည်း လုပ်ငန်းအတူတူလုပ်နေကြတဲ့လူတွေ စစချင်းကပင်လျင် တမန့်ကိုလည်းခေါ်ခဲ့ပေမယ့် ဘွားရဲ့အလုပ်မှာဝင်ကူချင်တဲ့တမန်က သူတို့ခေါ်တာကိုမသွားဖြစ်ခဲ့ပါ။အခုမှ တမန်ကလှမ်းဆက်သွယ်ကာလာချင်တယ်ဆိုတော့လည်း ဝမ်းသာအားရကြိုဆိုကြလျက် သူတို့အလုပ်တွေထဲတွဲခေါ်သည်။လူငယ်တွေမို့ လောဘတကြီးချဲ့ထွင်ထားတဲ့အလုပ်တွေကလည်းများလှကာ နောက်ထပ်လည်းထပ်တိုးဖို့သာရှိသဖြင့် တမန့်လို ယုံကြည်ရသည့်သူငယ်ချင်းတစ်ယောက်ရောက်လာတာသည် သူတို့အတွက်တအားတိုးတာပင်။

တမန့်အတွက်လည်း အသစ်အဆန်းမကျွမ်းကျင်သေးသောအလုပ်တွေကို နားလည်လိုက်မှီလာအောင်ကြိုးစားနေရသဖြင့် ချမ်းကလေးကိုမေ့ထားဖို့အဆင်ပြေလေသည်။သို့တိုင်အောင် လေနေ တေနေသည့်စိတ်ကို အလုပ်ထဲမှာတအားနှစ်ကာ ပုံထည့်ထားသဖြင့်သာ လွတ်ထွက်မသွားသေးရုံရှိလျက် ..အခုလို အလုပ်တွေထားပြီး ခဏပြန်လာသည့်အချိန်ဆိုလျင် တမန်သည်လေလွင့်ချင်နေသောစိတ်ကိုအစိုးမရနိုင်ပေ။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now