'ဒယ်ဒီ​့..မီးအသက်၁၈နှစ်ပြည့်ပီးပီလို့..'

'အေးးးအဲ့အသက်ကလင်ယူရမယ့်အရွယ်မဟုတ်သေးဘူးဆိုတာသိအောင်အသိပေးနေတာဟေ့...'

'ကျစ်...ဒယ်ဒီကလည်း...သူများတွေ၁၆နှစ်နဲ့လင်ယူသားမွေးလုပ်နေကြတာဒယ်ဒီမသိတာလား...မသိချင်ယောင်ဆောင်နေတာလား...မီးက ဒယ်ဒီ့ကိုအားနာလို့ ၁၈နှစ်ပြည့်တဲ့ထိစောင့်ပေးနေတာနော်...ဒယ်ဒီကျေးဇူးတောင်တင်သင့်သေးတယ်'

'ေသြာ်...သြော်...သြော်...မိသွန်းရယ်...'

သူ့ရဲ့တစ်ဦးတည်းသောသမီးလေးရဲ့ dialogue တွေကြောင့် တိုင်နဲ့ခေါင်းနဲ့သာစောင့်လိုက်ချင်တော့သည်...မိန်းမရေ...ငါ့အဖြစ်ကိုလာကြည့်ပါအူံးဟာ့...ဟူးးးးး..ဒါပေမယ့်သူလွယ်လွယ်တော့လက်မလျော့နိုင်သေး.သမီးကသူ့က်ိုမကြောက်ဘူးဆိုတာသိပေမယ့်..မျက်နှာကိုအတတ်နိုင်ဆုံးတည်တင်းထားလိုက်ပြီးးး

'ဦးထွဋ်ရဲ့အသက်ကရောဘယ်ရှိပီထင်လဲ..ဟမ်...မိသွန်း'

'ဦးထွဋ်က ၃၀လေ ဒယ်ဒီကလည်း..သိပီးသားတွေကြည့်မေးနေတာပဲ..'

ပြောရင်းဆိုရင်း..သူ့အလုပ်စားပွဲပေါ် တင်ပလ္လင်ခွေတက်ထိုင်နေပြန်သည်..ဒီဖအေကပဲ မျက်နှာလွှဲကာ..

'မိသွန်း..ဆင်းစမ်း...'

အသံမာမာနဲ့အော်လိုက်တော့မှ

'sorry ဒယ်ဒီ sorry...ဟီးးး'

သူအော်လိုက်မှ စားပွဲပေါ်ကဆင်းသွားပြီး ဆိုဖာပေါ်သွားထိုင်သည်..ထိုင်​ေနပုံက.ခပ်ရိုင်းရိုင်းဆိုရရင် ခြေနှစ်ဖက်ကို ဖြဲကားပြီးကိုထိုင်နေတာ..ဟင်းးးးး...ဒါပါထပ်ပြောရင်...ကြိုက်တော့မှာမဟုတ်တာကြောင့်...သူကပဲစိတ်လျှော့လိုက်ရတော့သည်...

'အသက်ဒီလောက်ကွာနေတာကို...ပြီးတော့..တစ်ခုလတ်လားမသိမုဆိုးဖိုလားမသိနဲ့...မယူရဘူး....သိန်းထိုက်နဲ့ဆိုသဘောတူမယ်...ဦးထွဋ်တော့မဖြစ်ဘူး'

'ဒယ်ဒီကလဲ..ဦးထွဋ်နဲ့မီးနဲ့က.အသက်ကွာတာပဲရှိတာ...ဦးထွဋ်ကဖြင့်..အသက်၃၀ သာပြောတာ..နုဖက်အိအက်နာပဲ...ပြီးတော့ဒယ်ဒီပေါင်းရမှာမဟုတ်ဘူး...မီးပေါင်းရမှာ...သူ့ဘာသာတစ်ခုလပ်မကလို့၃ခုလပ်ဖြစ်ဖြစ်...မီးကျေနပ်ရင်ပြီးတာပဲမဟုတ်ဘူးလား..'

~~ဦး~~(Completed)Tahanan ng mga kuwento. Tumuklas ngayon