ခုဆို Artist-K သည် လူထု၏ အာရုံစူးစိုက်မှုအများကြီးပြုံကျလျက်ရှိသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်နှင့်အညီ ကမ်းလှမ်းမှုတွေလည်းအများကြီးရှိလာသည်။ တစ်ချို့ကကြော်ငြာတွေ၊ တစ်ချို့က Variety Show တွေကနေ အများကြီးလာကမ်းလှမ်းထားတာတဲ့။ အကလေ့ကျင့်ခန်းထဲက ဘုတ်ပေါ်မှာ ညီညီတို့တစ်ပတ်စာအချိန်ဇယားရှိသည်။ အကွက်တိုင်းမှာအချိန်ဇယားတွေအပြည့်။ တချို့အကွက်တွေမှာဆို နှစ်ခုသုံးခုပြွတ်သိပ်ရေးထားသေးတာ။

ညီညီတို့ကစိတ်သစ်လူသစ်နဲ့ လာကမ်းလှမ်းသမျှ လုပ်နိုင်တယ်ဆိုပြီး ပထမနှစ်ရက်လောက်လုပ်ကြည့်ပေမယ့် သုံးရက်မြောက်အထိကျမရတော့။ ခြေလှမ်းပင်ကြွမရတော့အောင်ကို သိပ်ပင်ပန်းတာသိလာသည်။ ထို့ကြောင့် မန်ဘာတွေတိုင်ပင်ပြီး ကမ်းလှမ်းမှုတွေကိုရွေးခြယ်ရတော့သည်။ တချို့တွေကို နှမြောပေမယ့် ကျေးဇူးတင်စွာနှင့်ပင် ငြင်းခဲ့ရပါသည်။

"ဟင်.... ထယ်ဆော့ ....ဒီမှာမင်းသတင်းတွေတက်နေတယ်"

"ဘာသတင်းလဲ"

"Oh My God !! Scandal လား။ ကျောင်းတွင်းအကြမ်းဖက်ဖူးတဲ့သူလား"

"ဟားဟား ဘယ်ကသာ ဒီမှာဖတ်ကြည့် သတင်းကောင်းတွေပဲ"

ချောင်ဟီးလက်ထဲက ဖုန်းကို ထယ်ဆော့ကယူလိုက်သည်။ ညီညီတို့လည်း ချောင်ဟီးနောက်ကနေဖုန်းထဲကြည့်တော့ နာမည်ကြီးသည့် သတင်းဌာနတစ်ခုကတင်ထားတာ။

"ယောက်ျားလေးအဖွဲ့သစ် Artist-K အဖွဲ့ဝင် ချွဲချောင်ဟီး၏ စိတ်ဓာတ်အမှန်"တဲ့ ခေါင်းစဉ်က။ အပြည့်အစုံဝင်ဖတ်ကြည့်တော့ ချောင်ဟီးက ကျောင်းတုန်းက လူမှုဆက်ဆံရေးကောင်းတဲ့သူဖြစ်ကြောင်း၊ စာရောအားကစားရောတော်ကြောင်း၊ သဘောထားပြည့်ပြီး ကျောင်းလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့စံပြကျောင်းသားတစ်ယောက်ဖြစ်တဲ့အကြောင်းတြွေဖစ်သည်။

တပ်ထားတဲ့ခေါင်းစဉ်နဲ့မှမလိုက်။

"ဝါး.....တကယ်အံ့သြစရာပဲ။ ဒီလိုသတင်းကောင်းကို ဒီလိုခေါင်းစဉ်တပ်ရတယ်လို့ပဲ။ ဒီသောက်မီဒီယာကတော့"

ထယ်ဆော့ ကမကျေနပ်စွာရေရွတ်ဆဲဆိုသည်။

"လတ်တလောလူစိတ်ဝင်စားအများဆုံးဖြစ်နေတော့ သူတို့သတင်းကို​လူတွေအာရုံစိုက်အောင်လုပ်ဖို့ တို့ကအသုံးချလို့အကောင်းဆုံးပဲလေ။ အဲ့တာကိုမှ ခုလိုမထိတထိ အထင်လွဲစရာခေါင်းစဉ်တပ်ထားတော့ လူပိုစိတ်ဝင်စားတာပေါ့။ ဒါမီဒီယာတွေရဲအကျင့်ပဲ"

IDOLWhere stories live. Discover now