Chapter - 26 (Final)

Start from the beginning
                                    

5. ငါ့အတွက် အောက်မေ့ဖွယ် အခမ်းအနား မကျင်းပပါနဲ့။ သတိရစရာလည်း အများကြီးမရှိပါဘူး။ အမှတ်ရထိုက်တဲ့သူ​တွေက သမိုင်းစာအုပ်​​တွေထဲက အထင်ကရလူတွေ​ပဲလေ။ အဲ့အပြင် လူတစ်​ယောက်က ထွက်သွားပြီး အချိန်တွေကုန်လွန်သွားတဲ့အခါ သူတို့နဲ့ပတ်သက်ပြီး အမှန်တကယ်အမှတ်ရနေမယ့်သူတွေ အများကြီးမရှိတော့ဘူးဆိုတာကို ငါ သိထားတယ်။ လူအများစုက အဆက်အသွယ်​ကောင်းတွေ ရရှိဖို့အတွက် အခွင့်ကောင်းကို အသုံးချ​နေကြတာ။ အဲ့လိုမဟုတ်ဘဲ အဆက်အသွယ်​​ကောင်းတွေရဖို့ အခွင့်အ​ရေးတောင် မရှိဘူးဆိုရင် သူတို့ကို အဆင်မ​ပြေဖြစ်​စေတဲ့အတွက် ငါ့ကို ပိုစိတ်ရှုပ်သွားပြီး ငါ သေပြီးတာတောင်မှ မထီမဲ့မြင်ပြုတဲ့ အကြည့်တွေကို ခံရနိူင်တယ်။ အဲ့အပြင် ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် လက်ဆောင်ငွေကို မယူပါနဲ့။ ​ငွေ​ကြေးအ​ငွေ့အသက်​တွေ ပြည့်နှက်​နေတဲ့ အနီရောင်, အဖြူ​ရောင်, ပျော်ရွှင်စရာ ဒါမှမဟုတ် ဝမ်းနည်းစရာ အချိန်အခါသမယ​တွေပြုလုပ်ကြတဲ့, ပုပ်သိုး​နေတဲ့ ဓလေ့ထုံးစံကို ငါ မုန်းတီး​နေတာ ကြာပြီ။ မင်း ငါ့ကို တစ်ခုခုပေးရမှ ဖြစ်မယ်ဆိုရင်​တော့ ပန်းပွင့်လေးတစ်ပွင့်ပဲပေးပါ။ (ပန်းခြင်း​တွေ, ပန်းကုံးတွေကို ငါ မလိုချင်ဘူး။ အဲ့ဒါ​တွေက အရမ်းကြည့်ရဆိုးတာပဲ။)

6. ​ကျောင်း​လောင်, ငါ့​သေတမ်းစာကို မဖျက်ဆီးနဲ့​နော်။ မင်း ငါ့ကို ထပ်ပြီးကျိန်ဆဲနေတယ်ဆိုတာ ငါသိတယ်။ ငါ အဲ့ဒီဆဲဆိုတဲ့စကားလုံးတွေအားလုံးကို မင်းဆီ ပြန်ပစ်​ပေးလိုက်တယ်။

၇။ ဘာပဲဖြစ်ဖြစ် ငါ့အတွက် အသုဘသီချင်း မဖွင့်ပါနဲ့။ အဲ့အစား ရိုမန်းတစ်ဖြစ်တဲ့စန္ဒယားသံ, ဒါမှမဟုတ် ဆယ်လိုဂီတသံ​လေး ဖွင့်​ပေးပါ။

8. ဝမ်းနည်း​ပူ​ဆွေးခြင်းလုပ်ရမယ့်ရက်​တွေ(​သေဆုံးပြီး ၇ ရက်တာ ကာလ)မှာ​တော့ ငါ့အတွက် ရှိခိုးဝတ်ပြုခြင်းမလုပ်ပါနဲ့။ မင်းတို့ရှိခိုးဝတ်ပြုတဲ့အခါ ဆု​တောင်းခြင်းတွေ ပြုလုပ်ရမှာ။ အဲ့ဒါက အရမ်းကို လက်​တွေ့ကျလွန်းတဲ့အယူဝါဒဖြစ်ပြီး ငါ မင်းတို့ကို အာရုံစိုက်ဖို့အတွက် အရမ်းပျင်းလွန်းတယ်။ မင်းတို့ လှူစရာရှိတယ်ဆိုရင်​တော့ ငါ အသီးအနှံ​တွေ မလိုချင်ဘူး။ ငါ အသီးအနှံတွေကို စားရတာ မကြိုက်ဘူး။ ဒါကြောင့် ငါ့ကို ရေခဲမုန့်, ဒါမှမဟုတ် ဒိန်ချဉ် ပေးပါ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now