ယွန်ဂီ၏အခန်းထဲသို့ချောင်းကြည့်လိုက်တော့ သကောင့်သားကအိပ်နေတာမှသိုးလို့။
တတ်လည်းတတ်နိုင်တဲ့ကောင်တွေ။

"ငယ်အဆင်သင့်ဖြစ်ပြီးလာ"

"ဖြစ်ပြီးကိုကို"

မနက်10နာရီလေယာဥ်ထွက်မည်ဖြစ်တာကြောင့် ထယ်ယောင်းတို့ပြင်ဆင်နေကြခြင်းပင်။
ခုတောင်ကိုးနာရီထိုးနေပြီ။

"ဒါဆိုကားပေါ်တက်ကြတော့ ဒရိုင်ဘာခေါ်ထားတယ်"

"ဟုတ် မေမေကိုခေါ်ပြီးဆင်းလာခဲ့မယ်"

လေဆိပ်ကိုရောက်တော့ လေယာဥ်တောင်ထွက်ခါနီးနေပြီးပင်။ သို့ပေမဲ့တစ်စုံတစ်ယောက်များရောက်လာမလားဆိုသောအတွေးဖြင့် လေယာဥ်ပေါ်မတက်ပဲအချိန်ဆွဲနေမိသည်။

"သွားမယ်လေငယ် လေယာဥ်ထွက်တော့မယ်"

"အာ..ဟုတ်ဟုတ်"

နောက်ဆုံး..သူ့၏အဝင်calledကိုမျှော်နေတဲ့ဖုန်းလေးကိုအမှိုက်ပုံးထဲပစ်ထည့်ကာ လေယာဥ်ပေါ်သို့တက်လာခဲ့လိုက်သည်။

ငါမင်းကိုမေ့ပစ်မယ်မောင်"

လေယာဥ်ထွက်ခွါချိန်နီးပြီဖြစ်တာကြောင့် ထယ်ယောင်းသက်သက်သာသာအိပ်နေလိုက်သည်။ မျက်လုံးများကိုမှိတ်ထားပေမဲ့ မျက်လုံးထောင့်မှ မျက်ရည်စီးကြောင်းမှာပူခနဲပင်။

"နှုတ်ဆက်ပါတယ်
ကိုရီးယာမြေနှင့်အတူ တစ်ချိန်ကမောင်"

မေမေကတော့သူ့ရဲ့လက်ကိုဆုပ်ကိုင်ထားသည်။
နွေးထွေးတယ်။လုံခြုံတယ်။
မေမေကသာသူ့အတွက်အကောင်းဆုံးဖြစ်ခဲ့တာ။

ယွန်ဂီအိပ်ပျော်နေသည်မှာဘယ်လောက်တောင်ကြာပြီးလည်မသိ။ နိုးလာတော့ လက်သေးသေးတိုတိုလေးတစ်စုံက သူ့ပါးကိုဖွဖွလေးပွတ်နေသည်။

"အဟမ်း..ငါ..ငါကဒီအတိုင်း"

လူမိသွားတော့
ရှက်ရမ်းရမ်းပြီး ပြောချင်ရာပြောနေသောလုံးလုံးလေးကိုကြည့်ပြီးယွန်ဂီပြုံးမိသည်။
သို့ပေမဲ့ ဒီလောက်အန္တရာယ်များတဲ့နေရာကို ဒီလူကဘယ်လိုရောက်လာတာလည်။
သူ့စိတ်ကိုမနည်းနိုင်အောင်ထိန်းထားရတာ။
စိတ်ဖောက်ပြီးတစ်ခုခုလုပ်မိမှဖြင့်။

Loading.. [COMPLETE]Where stories live. Discover now