"မင်းသားကဆေးကြောင်နေတာလေ အခုဝင်သွားရင် အကုန်သေကုန်မှာပေါ့"

"အဟင့် တစ်ခုခုလုပ်ကြပါအုံး"

"ဟိုနှစ်ယောက် ဆရာဝန်တွေကိုခေါ်ပြီး စိတ်ငြိမ်ဆေးထိုးဖို့လုပ်ကြတော့"

အစောင့်နှစ်ယောက်ထဲမှတစ်ယောက်မှာဆရာဝန်ခေါ်ရန်ထွက်သွားသည်။ဆရာဝန်ကအိမ်ထဲတွင်အဆင်သင့်ခေါ်ထားပြီးသားမို့ ခဏကြာတော့ ဆေးထိုးအပ်တစ်ခုနှင့်အတူရောက်လာသည့်ဆရာဝန်။ အကုန်လုံးအဆင်သင့်ဖြစ်နေသည့်ပုံ။

"မိန်းမ မင်းကအခန်းထဲသွားတော့ အန္တရာယ်များတယ်"

"ဒါပေမဲ့ငါ..သားငယ်ကိုတွေ့ချင်တယ်ဂျွန်"

"ဟူး....ငါအမြဲတမ်းမင်းစကားကိုနားထောင်လာခဲ့တာ ဒီတစ်ခါတော့ငါ့စကားကိုနားထောင်ပေး သွားတော့အခန်းထဲ"

ပြောမရသည့်အဆုံး ဂျွန်ကတော်လည်းအောက်ထပ်သို့သာဆင်းသွားလိုက်သည်။

"တံခါးကိုသတိနဲ့ဖွင့် သူ့ရဲ့စိတ်ကမူမှန်တာမဟုတ်ဘူး"

ဘုန်း!!!

တံခါးဖွင့်သည်နှင့် လူကိုဝင်လုံးသည့်ဂျောင်ကု။နှစ်ယောက်တစ်ယောက်မို့အင်အားချင်းကမမျှ။ အသိစိတ်ကလွှတ်နေတာကြောင့်လည်းပါမည်။

"ချုပ်ထားကြ!"

အစောင့်နှစ်ယောက်ချုပ်ထားသည့်ကြားမှ ဂုတ်ပိုးထက်တွင်ဆူးကနဲနာကျင်မှုကြောင့်ငြိမ်သက်သွားရသည်။
ခြေလက်များမှာ လှုပ်ရှားဖို့ပင် အင်အားမရှိတော့။

ကုတင်ပေါ်ပြန်သယ်သွားပြီး စောင်ခြုံပေးကာ သားဖြစ်သူ၏နားတွင် ဂျွန်သခင်ကြီးကဝင်ထိုင်လိုက်သည်။

"မြန်မြန်ပြန်ကောင်းမှဖြစ်မယ် မင်းကိုမင်းအမေနဲ့အကိုကစိတ်ပူနေတယ်"

"Honeyနဲ့သွားတွေ့ချင်တာမို့..ခဏ..ခဏလောက်ပဲဖြစ်ဖြစ်လွှတ်ပေးပါ"

"အင်း..မဆိုးဘူး။
နှာထဖို့တောင်အားရှိသေးတယ်ဆိုတော့ မသေနိုင်သေးဘူး"

ဂျွန်သခင်ကြီးမှာ သားဖြစ်သူကိုစောင်သေသေချာချာခြုံပေးပြီးအခန်းပြင်သို့ပြန်ထွက်ကာတံခါးပိတ်လိုက်သည်။

Loading.. [COMPLETE]Where stories live. Discover now