အခန်းခွဲထားရသည်မှာလည်း ဆေးကြောင်လာသည့်အခါတစ်ယောက်နှင့်တစ်ယောက်ထသတ်ကြမှာဆိုး၍ပင်။

"အခန်းထဲမှာ အန္တရာယ်ဖြစ်စေမဲ့ပစ္စည်းတွေအကုန်ထုတ်ထားပြီးတာသေချာရဲ့လာ"

"ကုတင်နဲ့ စာဖတ်စားပွဲခုံကလွှဲရင်အကုန်ထုတ်ထားပါတယ်။
ပြတင်းပေါက်မှန်တွေကိုလည်းဖြုတ်ပြီး သံတိုင်နဲ့ပြန်ပြင်ထားတာမို့ မှန်အတွက်လည်းစိတ်ပူစရာမရှိတော့ပါဘူး ဝန်ကြီး"

"ထောင့်စေ့တယ် တော်တယ်။
အတော်ဆုံးဆရာဝန်လေးယောက်လောက်စုပြီးအိမ်ကိုခေါ်ထား
သိုသိုသိပ်သိပ်လုပ်ကြမယ် အပြင်မှာပေါက်ကြားလို့မဖြစ်ဘူး"

"ဟုတ်"

အစောင်များမှာပြန်ထွက်သွားပြီး တစ်ဒုန်းဒုန်းမြည်နေသည့် သားဖြစ်သူ၏တံခါးထုသံသာကြီးစိုးနေသည်။

ဒုန်း! ဒုန်း!

"တံခါးဖွင့်ပေးပါဖေဖေရာ!
ကျွန်တော်တောင်းပန်ပါတယ်! !!!
လူတစ်ယောက်ကိုအရင်တွေ့ပါရစေ!!!"

"ဟေ့ကောင် မူယာမာယာများမနေနဲ့
ဆေးမပြတ်မချင်း အခန်းကနေထွက်ဖို့မကြံနဲ့!!!"

"အား!!!! တံခါးဖွင့်ကြစမ်း ငါအကုန်လုံးကိုသတ်မှာနော်!!!"

ဒုန်း!! ဒုန်း! ဒုန်း!!

မအော်နိုင်တော့သည့်အဆုံးတံခါးကိုမှီချပြီး ထိုင်နေမိသည်။
မဖြစ်ဘူးသူHoneyကိုတွေ့ရမည်။
ဖုန်းမှာလည်းအရိုက်ခံရသောနေ့ကတည်းကဘယ်မှာကျပျောက်သွားမှန်းမသိ။

အခန်းပတ်ပတ်လည်ကိုကြည့်လိုက်တော့ ပစ္စည်းဟူ၍စာအုပ်တွေသာရှိသည်။ ပြတင်းပေါက်ကိုလည်း သံများဖြင့်ပိတ်ထားတာမို့ လုံးဝထွက်လို့မရ။ ဆံပင်များကိုစိတ်ရှုပ်စွာဖွလိုက်မိသည်။

"အား!!!!! တံခါးဖွင့်ကြ!!"

ထိုညတွင်တံခါးထုရင်းအိပ်ပျော်သွားသောကောင်လေးတစ်ယောက်နှင့်အတူ သတိလစ်ကာ အိပ်ပျော်နေသောကောင်လေးတစ်ယောက်ရှိခဲ့သည်။


နေ့လည်းမောင်ကကျောင်းမလာပြန်ဘူ။
ဖုန်းဆက်တော့လည်း လူကြီးမင်းနဲ့ပဲတိုးနေပြန်သည်။

Loading.. [COMPLETE]Where stories live. Discover now