"ဘာလည်း ဆေးသမားဆိုတဲ့ဂုဏ်ပုဒ်ကမင်းတို့အတွက်ဂုဏ်ယူစရာကောင်းနေတာလာ ဟမ်း!"

"Hk သိသွားပြီပဲ"

"မင်းပါးစပ်ကိုပိတ်ထား"

ဖေဖေ့စကားဆုံးသည်နှင့် ဘောဒီဂတ်လေးယောက်ကဝင်လာပြီး ဂျောင်ကုနှင့်ယွန်ဂီကိုဝိုင်းချုပ်ကြသည်။
ဂျောင်ကုမှာရုန်းနေပေမဲ့ ယွန်ဂီမှာတော့မရုန်း။

"ဖေဖေ ဘာလုပ်တာလည်း!!"

"သူတို့နှစ်ယောက်ကို စီစဥ်ထားတဲ့အခန်းထဲထည့်ပြီးသော့ခပ်ထားလိုက်"

ယွန်ဂီကတော့ မျက်နှာသေဖြင့်ပင် ထိုလူများခေါ်ရာသို့ခပ်တည်တည်ဖြင့်လိုက်သွားသည်။ သကောင့်သားဂျောင်ကုမှာတော့ သေမတတ်ရုန်းနေတာမို့ တော်တော်ကိုချုပ်ထားရသည်။

"ဖေဖေ!! သားကိုဒီလိုလုပ်တာသားမကြိုက်မှန်းသိတယ်နော်!! ခွေးမသားတွေလွှတ်စမ်း!!"

သို့ပေမဲ့ ရုန်းမရ။ ထိုလူများခေါ်ရာအပေါ်ထပ်သို့သာတစ်ရွေ့ရွေ့ပါသွားရသည်။

"လွှတ်လို့!! ငါမင်းတို့ကိုသတ်တော့မှာနော် ငါ ိုးမသားတွေ လွှတ်လို့ပြောနေတယ်!!!!!"

"အခန်းတံခါးကိုသော့သေချာခတ်လိုက်"

ထိုလူနှစ်ယောက်မှာ သူ့ကိုအခန်းထဲသို့ တွန်းလွှတ်ပြီး တံခါးကို ပိတ်ပြီးသော့ခတ်လိုက်သည်။

ဒုန်း! ဒုန်း! ဒုန်း!!

"တံခါးဖွင့်နော်! ငါထွက်လာလို့ရလို့ကတော့ မင်းတို့အကုန်လုံးကိုသတ်ပစ်မှာ ဖွင့်စမ်း!!"

ဒုန်း! ဒုန်း!

တံခါးကိုသေမတတ်ထုနေသောသားဖြစ်သူကြောင့် ဂျွန်သခင်ကြီး မျက်ရိုးကိုသာအသာဖိနှိပ်နေမိသည်။ ယွန်ဂီ၏အခန်းမှာတော့ တိတ်ဆိတ်နေသည်။ ထိုသကောင့်သားမှာ ပြန်မပြောနားမထောင်ပင်။

ဂျွန်ဂျောင်ကုဆိုသောကောင်ကတော့ ပြန်လည်းပြော နားလည်းမထောင် ဂရုလည်းမစိုက်သည့်လူမျိုး။

ယွန်ဂီမှာ သူ့မျက်စိရှေ့ သူ့လက်ထဲတွင်ပင်ကြီးပြင်းလာသောကလေးဖြစ်တာကြောင့် ထိုကလေးကိုလက်လွှတ်ထားဖို့စိတ်ကူးမရှိပါ။

Loading.. [COMPLETE]Donde viven las historias. Descúbrelo ahora