သူ့၏လက်ကိုဆွဲထားပြီး မျက်ဝန်းများအသက်မဲ့နေသောငယ့်ကိုကြည့်ပြီး သနားစိတ်များမှာထိန်းမရ။ဒီကလေးက ဘယ်လောက်တောင်ပင်ပန်းခဲ့ရလည်း။

မိဘကိုလည်းလျှပ်တပြက်အတွင်းဆုံးရှုံးခဲ့ရတယ်။ ခုလည်း ချစ်ရသူကြောင့်ထပ်ပြီးနာကျင်ရပြန်ပြီး။ သူဒီကလေးကိုဘယ်လိုနှစ်သိမ့်ရမလည်းမသိတော့ပေ။

မေမေ့ကိုကြည့်လိုက်တော့လည်း ငယ့်ကို မျက်ရည်ဝဲနေသောအကြည့်များဖြင့်ကြည့်နေကာနှစ်သိမ့်ပေးချင်ဟန်။

"အရမ်းပင်ပန်းနေပြီး....ဒီကနေခေါ်ထုတ်သွားပေးပါ"

စကားဆုံးသည်နှင့် ထယ်ယောင်း၏ကမ္ဘာမှာရုတ်တရက်မှောင်ရိပ်ကျသွားသည်။ မေမေနှင့် ကိုကို၏စိုးရိမ်တစ်ကြီးခေါ်သံတွေကို သူခပ်သဲ့သဲ့ကြားရုံမှတစ်ပါး....။

"သားတို့ကိုခေါ်တာဘာကိစ္စလည်"

ခွပ်! ခွပ်!

ဂျောင်ကု၏မျက်နှာပေါ်သို့ ဆက်တိုက်ကျရောက်လာလက်သီးနှစ်ချက်။ သေချာပေါက်ဖေဖေပဲပေါ့။

"ဂျွန်ဂျောင်ကု! မင်ယွန်ဂီ!
မင်းတို့ကိုငါ မဆုံးမလို့လား မသွန်သင်လို့လား ဟမ်း! ပြောလေ!"

"မင်ယွန်ဂီ! မင်းကငါနဲ့သွေးမတော်သားမစပ်တဲ့တိုင်အောင် မင်းကငါ့မျက်စိရှေ့မှာကြီးပြင်းလာတဲ့ငါ့သား!
မင်းအမေက ငါ့လက်ထဲမှာ မင်းကိုကိုယ်တိုင်အပ်သွားတာ!"

ဖေဖေ့ကိုကြည့်ရတာအလွန့်အလွန်ဒေါသထွက်နေဟန်။
မေမေကလည်း ဘာမှဝင်မပြောရဲပေ။
ကိုကိုကDutyရှိလို့ထင်သည်။

ယွန်ဂီမှာတော့ ခေါင်းကိုသာငုံ့ထားသည်။မငုံ့လို့လည်းမရ သူတို့နှစ်ယောက်လုံးကအချိုးမပြေမှန်းကိုယ့်ကိုကိုယ်သိတာမို့။

"ဂျွန်ဂျောင်ကု ခွေးတိရစ္ဆာန်လိုကောင်!
မင်းကိုမွေးထားရတာ ငါ့ကိုယ်ငါသနတယ်"

"မေမေကမွေးထားတာလေ ဖေဖေကဘယ်လိုမွေးမှာလည်း"

"ငါ့ကိုပြန်မပြောနဲ့ "

ခွပ်!

ဒီတစ်ခေါက်တော့ ဂျောင်ကု၏နှုတ်ခမ်းထောင့်မှာပေါက်သွားသည်။

Loading.. [COMPLETE]Where stories live. Discover now