အပြန်လမ်းက ခွေလှမျးမြားမှာ လာတုန်းကထက်နှေးကွေးနေသယောင်ယောင်။ လက်ထဲတွင် DNAစစ်ချက်စာရွက်ကိုဆုပ်ကိုင်ပြီး အိမ်သို့သာပြန်လာခဲ့သည်။

မျက်လုံးများမှာ ငိုထားတာကြောင့်နီရဲနေပြီး ရှုပ်ယှက်ခတ်နေသောအတွေးများကခေါင်းထဲတွင်တန်းစီနေသည်။

မောင်ကသူ့ကိုကစားခဲ့တာ။ မိန်းကလေးတစ်ယောက်က သိက္ခာအကျခံပြီး အခုလိုကိစ္စကိုပြောလာလိမ့်မည်မဟုတ်။

အိမ်ထဲကိုဝင်လာတော့ ဂိမ်းထိုင်ဆော့နေတဲ့ကိုကိုက သူ့ကိုတွေ့တော့ အလန့်တကြားဖြင့် အနားသို့လျောက်လာသည်။

"ငယ်..ငယ်ဘာဖြစ်တာလည် ကိုကို့ကိုပြော"

"ဟော..သားငယ်ပြန်လာပြီးလာ မေမေဟင်းချက်လို့ကျက်တော့မယ်"

မေမေက မီးဖိုချောင်မှ ယောင်းမကိုင်ကာထွက်လာသည်။ သူ့ကိုမြင်တော့အလန့်တကြားဖြင့် လျှောက်လာပြီး စိုးရိမ်တစ်ကြီးမေးသည်။

"သားငယ် သားငယ် ဘာလို့ငိုနေတာလည်း မေမေ့ကိုပြော.မေမေ့ကိုပြော သားငယ်"

"ငယ်ကမေးလည်းဘာမှမပြောဘူးမေမေ"

"သားငယ် မေမေ့ကိုပြောမှပေါ့ ဘာဖြစ်နေတာလည်း"

မေမေ၏အသံကိုကြားတော့သူပိုပြီးငိုချင်လာသည်။ ထိန်းထားသော မျက်ဝန်းထဲမှမျက်ရည်တွေက ပါးပြင်သို့ကျလာတော့ မေမေကသုတ်ပေးရှာသည်။

ကိုကိုကဘယ်ကတည်းကသတိထားမိလည်းမသိ။ သူ့လက်ထဲမှစာရွက်ကိုဆွဲယူကာ ကြည့်နေသည်။

"ဂျွန်ဂျောင်ကုဆိုတာ ငယ့်ကောင်လေးမဟုတ်လား?"

ကိုကိုကအေးစက်စက်အသံဖြင့်မေးတော့ မေမေကလည်း ကိုကို့လက်ထဲကစာရွက်ကိုဆွဲယူကာကြည့်ပြီး ထယ်ယောင်းကိုဖက်ကာရင်ခွင်ထဲဆွဲသွင်းပြီး မျက်ရည်များကပါးပေါ်လှိမ့်ကျလာသည်။

"မေမေ့သားငယ်ရယ်...သူကအဖေတစ်ယောက်ဖြစ်သွားပြီးလေ မေမေတို့ကဘာမှလုပ်လို့မရတော့ဘူး"

"သား အဲ့ကောင်နဲ့စာရင်းသွားရှင်းမယ်"

"ကိုကိုမသွားပါနဲ့ ငယ့်ကိုဒီနဲ့ဝေးရာကိုခေါ်သွားပေးပါ.... အရမ်းပင်ပန်းနေပြီးမို့"

Loading.. [COMPLETE]Where stories live. Discover now