Final Chapter

37.4K 1.8K 133
                                        

Unicode

အစအနများ၏ စုစည်းမှုထုထည် (သို့)
ပုံပေါ်လာသော အချစ်တစ်ခု

"နောင်တ မရစေနဲ့... စောဦးစေနိုင်က မင်းထင်ထားတာထက် ပိုဆိုးတဲ့ အိပ်မက်ဆိုးဖြစ်လာအုန်းမှာ။ ငါသူ့ကို ရွေးချယ်ခဲ့တယ်ဆိုတာ ဘာမဆို လုပ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့လူလို့ တွေးခဲ့လို့ပဲ"

ဆေးလိပ်နံ့ ခါးသက်သက်တို့စွဲကျန်နေသော အခန်းက အသက်ရှူသံနှစ်ခုဖြင့်သာ ပြည့်ကြပ်နေခဲ့သည်။အရောင်လွင့်တာ ကြာပြီဖြစ်သည့် အဝါရောင်နံရံဟာလည်း အစွန်းအထင်းတချို့ဖြင့် ပေကျံနေကာ ဖုန်တက်နေသည့် နာရီအိုကြီး၏ တဂျောက်ဂျောက်အသံက နောက်ခံတေးသဖွယ် မြည်လျက်ရှိ၏။

"နောင်...နောင်တ မ မရှိပါဘူး"

နူးညံ့သော အသံက အင်အားနည်းနည်းပင်လျော့မနေပါ။ မျက်ဝန်းတို့က စားပွဲထက်ကိုရောက်နေသည့်တိုင် သူ့ရည်ရွယ်ချက်က ခိုင်မာနေပုံရပါသည်။

ဦးဇမ္ဗူထွန်းမြင့်ဟာ သူ့ရှေ့က သေးသွယ်ကာ  ဖြူဖျော့နေ‌သည့် ကောင်လေးကိုကြည့်ရင်း ဒေါသနှင့် တစ်စုံတစ်ခုသော တင်းအား၏ နှိပ်စက်မှုကို ပြင်းထံစွာ ခံစားနေရသည်။ သူ ဒီကောင်လေးကို မြင်တိုင်း ရှုံးနိမ့်မှုကို ရင်ဆိုင်နေရသည့် ခံစားချက်မျိုးက အချိန်ကြာသွားတာတောင် မပြောင်းလဲနိုင်ပုံပေါ်၏။ အနီရောင် ဆံပင်၊ တမူထူးခြားနေသည့် မျက်ဝန်းများ ... သူ တန်ဖိုးထားချင်စရာဆို၍ သမီးဖြစ်သူ၏ နှုတ်ခမ်းပါးလေးသာရှိသည့် ဒီကောင်လေးက သူ့ဘဝအတွက်တော့ မိစ္ဆာလေးသာဖြစ်သည်။

မျိုးမစစ်သည့် တစ်ပြည်သားနဲ့ ငြိစွန်းလာသည့် သမီးဖြစ်သူကြောင့် သူဘယ်လောက်တောင် ဆုံးရှုံးခဲ့ရသလဲ။ အနှစ်နှစ်အလလ လူတကာကိုချနင်းပြီးတက်လာရတဲ့ သူက လိုချင်တဲ့ အာဏာကိုရခါနီးမှ လက်တစ်ကမ်းအလိုမှာ ခွေးကျသလိုကျခဲ့ရသည်လေ။ စီစဉ်ထားသလိုဖြစ်မလာသည့် သမီးရဲ့မင်္ဂလာပွဲအပြင် ကိုယ်ဝန်ကြောင့် သူ မျက်နှာအပျက်ကြီး ပျက်ခဲ့ရသည်။ ဒါတင်မကသေး သူ့ဘဝကို ခိုက်နေတဲ့ ဒီမိစ္ဆာလေး လူ့လောကထဲ ရောက်လာသည့် ရက်မှာပဲ သူ့လုပ်ငန်းခွဲတစ်ခု ဒေဝါလီခံခဲ့ရသေးသည်။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now