Never (ဘယ်တော့မှ)-4

Start from the beginning
                                    

အရာအားလုံးက အေးအေးဆေးဆေးနဲ့ ပုံမှန်အတိုင်း ဖြတ်သန်းလာပြီး ပေကျင်းမှာ လာနေတာ အခု ပထမနှစ်တောင် ပြီးလို့
ဒုတိယနှစ်တောင် ရောက်ပြီ ခုလိုပဲ အေးအေးဆေးဆေးနဲ့ ဘွဲ့ရတဲ့အထိ ခုလိုလေးနေနိုင်မယ်လို့ ထင်ခဲ့တာ......
အခြေအနေတွေက ရုတ်တရက်ပြောင်းသွားခဲ့တယ်

မားမား မျက်နှာတွေဖောနေပြီး ဆီးကောင်းကောင်းမသွားလို့ ပေကျင်းမှာ ဆေးလာစစ်တော့ မားကကျောက်ကပ်အခြေအနေမကောင်းဘူး ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်တော့ဘူးပြောပါတယ် ကျောက်ကပ်ဆေးရမယ်လည်း ပြောပါတယ်
ဒါကလည်း ပထမအဆင့် နောက်တဖြည်းဖြည်းနဲ့ ကျောက်ကပ်ဆေးလို့မရရင် ကျောက်ကပ်အစားထိုးကုသမှုခံယူရတဲ့အထိ ဖြစ်သွားနိုင်မို့ ကြိုတင် ပြင်ဆင် စဉ်းစားထားလို့ ဆေးရုံကပြောပါတယ် ဒါနဲ့ ကျောက်ကပ်ဆေးတဲ့ ကုသမှု ခံယူဖို့ လုပ်တဲ့အချိန်မှာ ပြဿနာရှိလာတာက မားမားနဲ့ ကျွန်တော့်ကို ကျောက်ကပ်ဆေးတယ် ဆိုတာ ဘယ်လိုလဲ သိအောင် တာဝန်ကျ ဆရာဝန်ငယ်လေးက လာရှင်းပြတာပါ

"ကျောက်ကပ်ဆေးတယ်ဆိုတာ အလွယ်ခေါ်တာပါ ကျောက်ကပ်ဆေးတာ တကယ်တမ်းကျတော့  Haemodialysis (ကျောက်ကပ်တု သွေးသန့်စင်ခြင်း) လို့ခေါ်ပါတယ် ခန္ဓာကိုယ်ထဲက ကျောက်ကပ်က အလုပ်လုပ်ဆောင်မှု မကောင်းတဲ့အချိန်မှာ ပြင်ပက စက်က ကျောက်ကပ်ရဲဲ့အစား မစွန့်ပစ်နိုင်တဲ့ မလိုအပ်ဘဲပိုနေတဲ့ ခန္ဓာကိုယ်ထဲက အရည်တွေနဲ့ တခြားအရာတွေကို သန့်စင်ဖယ်ရှားတဲ့ စက်လေးနဲ့ အလုပ်လုပ်လိုက်တဲ့ သဘောပါ ပြင်ပက ကျောက်ကပ်အတု နဲ့ ခန္ဓာကိုယ်ရဲ့သွေးထဲမှာ ပိုနေသမျှ မလိုအပ်တာတွေကို သန့်စင်ပေးတာမို့ ကျောက်ကပ်တု သွေးသန့်စင်ခြင်းလို့ခေါ်တာပါ"

ဆရာဝန်ငယ်လေးရှင်းပြတာမဆုံးခင် ရိပေါ်ကတော့ ချက်ချင်းသိလိုက်ပါပြီ မားမားက ဒီကုသမှုကို ခံယူမှာ မဟုတ်ဘူးဆိုတာကို

"အာ ကျေးဇူးတင်ပါတယ် ဆရာ ဒါပေမယ့် အန်တီက ခုဆရာရှင်းပြတဲ့ ကျောက်ကပ်တု သွေးသန့်စင်ခြင်းလို့ခေါ်တဲ့ ကုသမှုကို မခံယူပါရစေနဲ့ ကျောက်ကပ်အစားထိုးတဲ့ ကုသမှုပဲ ခံယူလိုက်တော့မယ် ပိုက်ဆံ ဘယ်လောက်လောက် ကုန်ကျနိုင်လဲ ဆရာ ဒီကြားထဲမှာ ဆေးနဲ့ ထိန်းလို့ ရရင် ဆေးပဲသောက်ထားပါရစေ"

NeverWhere stories live. Discover now