အချိန်ပိုင်းနည်းပြလုပ်ရင်း တစ်ဖက်မှာလည်း ဒေါက်တာဘွဲ့အတွက် စာတမ်းပြုစုနေသော တက္ကသိုလ်ကျောင်းဆရာလေး ယွန်းဂီသည် တည်ငြိမ်သောအဝတ်အစားအသုံးအဆောင်၊ သေသပ်ပိပြားသော ဆံပင်ပုံစံ၊ ပါဝါ ခပ်ထူထူရှိနေပြီဖြစ်သော အနက်ရောင်မျက်မှန်ကိုင်းလေးဖြင့် လူလတ်ပိုင်းအရွယ် ယောကျ်ာတစ်ယောက်၏ပုံစံကို ပီပီပြင်ပြင်ဖော်ဆောင်ထားပြီဖြစ်သော်ငှား သူ့ကိုကြီးနှင့်ပတ်သက်လာလျှင်တော့ နှုတ်ခမ်းလေးဆူ စိတ်ကောက်တတ်သော ကလေးစိတ်ကလေးက ကျန်နေပါသေးသည်။ ဒီလက်ထပ်ပွဲဖြစ်လာဖို့ တဂျီဂျီတိုက်တွန်းနေသူမှာ သူပင်ဖြစ်သော်လည်း၊ ဒီမင်္ဂလာပွဲကြီးအတွက် ပန်းအစ ဖိတ်စာအဆုံး ပါဝင်စီမံပေးခဲ့သူမှာ သူပင်ဖြစ်သော်လည်း တကယ့်တကယ်တမ်းကျတော့ ယွန်းဂီမှာ သူ့ကိုကြီးကို မနှမြောဘဲတော့လည်း မနေနိုင်ပါ။

" ငြိမ်လှချည်လား ဆရာ "

ယွန်းဂီက သူ့အတွေးနှင့်သူ မြောနေတုန်း တစ်စုံတစ်ယောက်၏ နှုတ်ဆက်သံကို ကြားလိုက်ရတာကြောင့် အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

" မိုနီလေး! အခုမှရောက်တာလား "

" လုပ်ပြီဗျာ "

မျက်မှန်ဝိုင်းလေးအစား ဆန်းဆန်းပြားပြားမျက်ကပ်မှန်တို့ကို ပြောင်းလဲတပ်ဆင်ထားတတ်ပြီဖြစ်သော‌ ကောင်လေးသည် လူကြားထဲတွင် မိုနီလေးလို့အခေါ်ခံရသည့်အခါ ရှက်တတ်နေပြီဖြစ်သည်။ ယွန်းဂီစိတ်ထဲတွင်တော့ ဒီကောင်လေးကို အားတာနဲ့ ဂိမ်းဆိုင်မှာ အချိန်ထိုင်ဖြုန်းတတ်သော၊ ညနေ ညနေ စာလာပြတိုင်း စိတ်ဝင်တစားဖြင့် အမေးအမြန်းထူတတ်သော၊ အလွန်စိတ်ကောင်းရှိပြီး ပိုးစားနေသောသွားကလေးတွေပေါ်အောင် အမြဲရယ်ပြတတ်သော ရပ်ကွက်ထဲကချာတိတ်ကလေးလိုပင် ထင်နေသေးသော်ငှား တကယ့် တကယ်တမ်းတော့ မိုနီလေးက သူ့ထက် ခေါင်းနှစ်လုံးစာလောက် အရပ်မြင့်သော တက္ကသိုလ်ကျောင်းသားကြီးဖြစ်နေလေပြီ။   

" အေးပါ အေးပါ ဂျွန်း ဂျွန်း "

" ကိုကြီးကို နှမြောနေပြီမလား ဆရာ "

ဂျွန်းက ယွန်းဂီရဲ့ ပခုံးကို တွန်းတိုက်လိုက်ရင်းကစနောက်သလို မေးလိုက်သည်။ အတွင်းသိ အစင်းသိတွေမို့ အတန်းထဲမှာဆို မျက်နှာတည်လွန်းသဖြင့် ကြောက်ရပါသော သူ့ဆရာမှာ ကလေးစိတ်မကုန်သေးတာကိုလည်း သူကောင်းကောင်းသိပါသည်။

ယောင်းWhere stories live. Discover now