ယွန်ဂီလည်းမီးဖိုချောင်ထဲဝင်သွားပြီး ခေါက်ဆွဲဗူးအားရေထည့်ကာ အနားမှာချပြီး မျက်နှာချင်းဆိုင်ဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်။

သကောင့်သားမှာတော့ ခေါက်ဆွဲကို ငတ်ပြတ်နေသလိုကိုစားနေတာ။
တစ်ချက်မှအချိုးမပြေပေ။

"ဥရောပသား အဖိုးကြီးသေမသွားဘူးမလား"

ခေါက်ဆွဲအရည်များအားမော့သောက်ကာမေးလာသည့်ကောင်ကို ယွန်ဂီဖုန်းဖြင့်ကောက်ပေါက်လိုက်သည်။

"ဘောမို့လို့ ချီးတွင်းထဲကိုခုန်ချပြီးသွားပတ်သတ်နေတာလာ"

"ဟုတ်ပါပြီး ငါမှားတယ်ဟုတ်ပြီးလာ"

"ဘောကိုမှား ငါ့ကိုလျှိုတာကိုကမင်းမှားတာလေ"

"ငါကဘယ်လိုပြောရမှာလည်း မင်းက ကို့ကို့ဆီမှာလူလိမ်မာလုပ်နေတာလေ ခေါင်းဖြူဖြူနဲ့အဖိုးကြီးရ"

"ဘောကိုခေါင်းဖြူဖြူနဲ့အဖိုးကြီး"

ဂျောင်ကုမှာအော်ရယ်ပြီး ဆိုဖာပေါ်လှဲအိပ်ကာဗိုက်အားပွတ်နေသည်။

"ငါလည်းဖြတ်တော့မှာပါ အဲ့ဒီမကောင်းတာတွေကို"

"လျော့သုံးလျော့သုံးရင်းနဲ့ အဆင်ပြေသွားလိမ့်မယ်လို့ ဂျီမင်ကပြောဖူးတယ်"

"ငါသိတယ် လျှာမရှည်နဲ့မင်ယွန်ဂီအဖိုးကြီး"

ဘုတ်!

မျက်နှာကိုလာအုပ်သောဟာကြောင့်ဖယ်ကြည့်လိုက်တော့ခြေသုတ်ဝတ်ကြီး။
အဖိုးကြီးမင်ယွန်ဂီက သူ့ကိုခြေသုတ်ဝတ်​ဖြင့်ပစ်ထည့်သွားတာပင်။

"ယား!!!!!
မင်ယွန်ဂီ! ဘောမို့ ခြေသုတ်ဝတ်နဲ့ပစ်ထည့်သွားတာလား!"

သို့သော်သကောင့်သားမှာသူပြောတာကိုပင်ဂရုမစိုက်။ ဘယ်ကမ္ဘာကိုကြွလို့ကြွသွားမှန်း အမြှီးတောင်ဖမ်းလို့မရတော့ပေ။

နာရီကိုကြည့်လိုက်တော့လည်း မနက်3နာရီရှိပြီးဖြစ်တာကြောင်​့ဂျောင်ကုမှာ ဆိုဖာပေါ်တွင်ပင်အိပ်လိုက်တော့သည်။

တစ်ပတ်မှာ သုံးရက်လောက်ကတော့ဆိုဖာပေါ်အိပ်နေကျမို့အကျင့်ပါနေပြီးဖြစ်သည်။

Loading.. [COMPLETE]Where stories live. Discover now