ဆိုင်ကယ်ဦးထုပ်အားလက်တစ်ဖက်ဖြင့်ကိုင်လာပြီး အခန်းတံခါးကိုစောင့်ကန်ပြီးဝင်လာတော့ အဖိုးကြီးရဲ့အစောင့်နှစ်ယောက်ကကြောင်တောင်တောင်ကြည့်နေသည်။

အခန်းထဲကအဖိုးကြီးကတော့ ကောင်မလေးတစ်ယောက်နဲ့ညစ်ညစ်ညမ်းညမ်းတွေလုပ်ပြီး အော်ညှီးနေတာမှမြင်မကောင်း။

"ဟိတ်ကောင် မင်းဘာဝင်လာလုပ်"

ဒုန်း!!!!

လက်တွင်ပါလာသော ဆိုင်ကယ်ဦးထုပ်ဖြင့် အဖိုးကြီးရဲ့မျက်နှာကိုအားကုန်လွှဲရိုက်လိုက်တော့ အဖိုးကြီးက လည်ထွက်သွားပုံပင်။ မျက်နှာတွင်လည်းသွေးများကမြင်မကောင်း။

သူနဲ့ဆက်ဆံနေတဲ့ကောင်မလေးကလည်း အလန့်တကြားဖြင့်ထောင့်ကပ်သွားပြီး အစောင့်နှစ်ယောက်ကပြေးဝင်လာသည်။

ခွမ်း!!!!!

အရက်ပုလင်းကိုယူပြီး စားပွဲ​စောင်းဖြင့်အောက်ပိုင်းကိုရိုက်ခွဲကာ ထိုအစောင့်နှစ်ယောက်အားချိန်လိုက်ပြီး အဖိုးကြီး ၏ ကော်လံစအားဆွဲစောင့်ကာ မျက်နှာအားတံတွေးဖြင့်ထွေးထည့်လိုက်သည်။

"ကျုပ်သူငယ်ချင်းကိုမထိနဲ့လို့ပြောထားတယ်လေ စောက်အဖိုးကြီးရ!"

အစောင့်နှစ်ယောက်မှာ ယွန်ဂီအားဝင်လုံးမည်လုပ်တော့ လက်တွင်ကိုင်ထားသောပုလင်းချွန်ကိုပြပြီး သတိကပ်တော့ပုံမပေါ်တဲ့အဖိုးကြီးကိုစောင့်တွန်းလွှတ်ပြီး ထိုနှစ်ယောက်နားကိုလျှောက်သွားသည်။

"အူမပွင့်ချင်ရင် အလိုက်သိပြီး ငြိမ်ငြိမ်နေမှပေါ့"

ထိုနှစ်ယောက်မှာလည်း နောက်ဆုတ်သွားပြီးခေါင်းတစ်ဆတ်ဆတ်ညိတ်သည်။
ပုလင်းချွတ်အား ကြမ်းပြင်ပေါ်ပစ်ချပြီး တံခါးနားသို့လျောက်သွားကာ

"နောက်ခါ ငါနဲ့မညှိချင်ရင်အေးဆေးနေကိုယ့်လူတို့"

ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ ဘာမှမလုပ်ထားသည့်စတိုင်ဖြင့်အေးအေးလူလူလျောက်ကာထွက်လာခဲ့သည်။

ဆိုင်ကယ်ကိုမောင်းထွက်လာပြီး စူပါမားကပ်ကိုရောက်တော့ မုန့်တစ်ချို့နှင့်ခေါက်ဆွဲဗူးများအားဝယ်ကာ အိမ်သို့ပြန်ဝင်လာတော့ သကောင့်သားဂျောင်ကုက သူ့ဒဏ်ရာ
များအား ဆေးထည့်ပြီး လက်ကိုပတ်တီးစည်းနေသည်။

Loading.. [COMPLETE]Donde viven las historias. Descúbrelo ahora