"Hk စောက်ပေါအဖိုးကြီး"

မျက်နှာတစ်ခုလုံးစုတ်ပြတ်သတ်ပြီး တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာနေတာကြောင့် ကုန်းရုန်းထပြီး

ပါးစပ်တွင်ငုံထားသောသွေးတစ်ပွက်ကိုထွေးထုတ်လိုက်ကာ ယိုင်နဲ့နဲ့ဖြင့် ဆိုင်ကယ်ပေါ်တက်ကာ ဦးတည်ရာမှာ တစ်စုံတစ်ယောက်ထံသို့။

ထိုသို့ရောက်တော့ အခန်းကိုလှမ်းကြည့်လိုက်သည်။ မီးများပိတ်ထားတာကြောင့် အိပ်သွားပြီးမှန်းသိလိုက်ရသည်။

"Honeyတောင်အိပ်ပျော်သွားပြီးပဲ"

ခြေထောက်များမှာမခိုင်တော့တာကြောင့် ခြံဝင်းအုတ်နံရံကိုမှီပြီးထိုင်ချကာ ဆေးလိပ်တစ်လိပ်အားထိုင်ဖွာပြီး ကောင်းကင်ပေါ်မော့ကြည့်လိုက်မိသည်။

လကွယ်ညမို့လို့ထင်ပါရဲ့။
ကြယ်တာယာများကလွှဲပြီး ဘာမှမရှိ။

"ကျစ်! .. ေစာက် ဥရောပအဖိုးကြီးတွေ လက်သန်ပြောင်ချက်ပဲ"

နှုတ်ခမ်းအားပြန်ထိကြည့်တော့နာကျင်မှုမှာစပ်ဖျင်းဖျင်း။Honey၏ခြံရှေ့တွင်ထိုင်ကာ ဆေးလိပ်ဖွာလို့ဝတော့

ယိုင်တိုင်တိုင်ဖြင့်ပြန်ထလာပြီး Honey၏အခန်းအားတစ်ချက်ကြည့်ကာ ဆိုင်ကယ်ပေါ်တက်ပြီး ပြန်ထွက်လာခဲ့လိုက်သည်။

"ဘယ်သူလုပ်တာလည်?"

အိပ်သေးပုံမပေါ်တဲ့ယွန်ဂီက ဂိမ်းဆော့ရင်းသူ့ကိုတွေ့တော့ဖုန်းအားချလိုက်သည်။
သကောင့်သားကဆံပင်တွေကိုအဖြူကောင်ဆိုးထားတာကြောင့်ဖြူစုတ်နေသည်။

"ခုထိမအိပ်ပဲမင်းကဘာလုပ်နေတာလည်"

"ဂျော်နီ?"

"ညစာအတွက်ဘာလုပ်ထားလည် ငါဗိုက်ဆာတယ်"

စကားလမ်းကြောင်းလွှဲပြီး မီးဖိုချောင်ထဲယိုင်တိုင်တိုင်ဖြင့်ဝင်သွားတဲ့ သူငယ်ချင်းဖြစ်သူကိုမျက်မှောင်ကျုံ့ပြီးကြည့်လိုက်သည်။

ဘာမှဆက်မမေးတော့ပဲ ဆိုင်ကယ်သော့အားဆွဲကာ ထိုအဖိုးကြီးရှိရာ ကလပ်သို့ထွက်လာခဲ့လိုက်သည်။

ကလပ်ထဲရောက်တော့ တော်တော်နဲ့VIP roomထဲမရောက်နိုင်။ဘာလို့ဆို ညငှက်မလေးတစ်ချို့ကဆွဲလားရမ်းလားလုပ်နေသောကြောင့်ပင်။

Loading.. [COMPLETE]Où les histoires vivent. Découvrez maintenant