ဂျော်နီကိုကျောပေးထားပြီး ဂျောင်ကုက အေးအေးဆေးဆေးပင်ပြန်ဖြေသည်။ အခြေအနေကတစ်ဖြည်းဖြည်းနဲ့ပိုပြီးတင်းမာလာသယောင်။
"ဟိုအလှလေးကြောင့်မလား..."
"ခင်ဗျား!"
Honeyဆိုသောအသိကြောင့် သတိမထားမိလိုက်ခင်မှာပဲ ဂျော်နီရဲ့ကော်လံစကိုဆွဲပြီး ထိုးဖို့လက်ရွယ်ပြီးသားပင်။ ဂျော်နီဆိုသောကောင်မှာလည်း မဲ့ပြုံးပြုံးလျှက် အနိုင်ရထားသောဟန်ဖြင့်။
"ဟုတ်နေတာပဲ..
Jkကအချစ်ကြောင့်ခြေငြိမ်တော့မယ့်လူလိမ်မာလေးလုပ်ဖို့စိတ်ကူးနေတာလာ...
မင်းလိုဆေးသမားကလေ?"
ခွပ်! ခွပ်! ခွပ်!
စိတ်မထိန်းနိုင်တော့တာကြောင့် ဂျော်နီ၏မျက်ခွက်အား အားရပါးရပိတ်ထိုးတော့သည်။
တံခါးနားမှာရပ်နေတဲ့ လူထွားကြီးနှစ်ယောက်ကလည်းဝင်လာပြီး ဂျောင်ကုကိုချုပ်ကြတော့သည်။
"မင်းလိုမလောက်လေးမလောက်စားကများ ငါ့ကိုထိုးရဲတယ်ပေါ့?"
ဂျော်နီမှာနှုတ်ခမ်းထောင့်ကသွေးများကို လက်ခုံဖြင့်သုတ်ရင်း သူ့လူတွေချုပ်ထားတဲ့ဂျောင်ကုကို အားပါးတရထိုးတော့သည်။
ဗိုက်ပေါ်သို့လက်သီးတွဲများ တစ်ရစပ်ကျလာတော့ ဂျောင်ကုအသက်ကိုပင်အောင့်ထားမိသည်။
မျက်နှာပေါ်သို့ကျလာသောလက်သီးလုံးများကိုလည်းရှောင်ရင်း မူးမေ့မတတ်ပင်။
ဘုန်း!!!
ကြမ်းပြင်ပေါ်သို့ပစ်ချခံလိုက်ရတာကြောင့် ဂျောင်ကုကိုယ်ကို ကွေးကာကြုံ့လိုက်မိသည်။ နာကျင်မှုမှာအဆမတန်ပင်။
"မင်းလိုဆေးသမားကများ ထွီး!!!"
သူ့ကိုယ်ပေါ်သို့တံတွေးထွေးပြီး ကန်ကျောက်နေတာကြောင့် မျက်နှာကိုလက်ဖြင့်ကာပြီး ကိုယ်ကို တတ်နိုင်သမျှကြုံ့ထားမိသည်။
"အဲ့ကောင်ကိုဆွဲထုတ်သွား!"
ဂျော်နီစကားဆုံးတာနဲ့ ဥရောပသားနှစ်ယောက်က ဂျောင်ကုကိုလက်မောင်းမှဆွဲကာ ကလပ်၏အပြင်ဘက်သို့တွန်းထုတ်လိုက်သည်။
YOU ARE READING
Loading.. [COMPLETE]
Fanfictionမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...
Part-10
Start from the beginning
![Loading.. [COMPLETE]](https://img.wattpad.com/cover/315002051-64-k572191.jpg)