Never (ဘယ်တော့မှ) - Zawgyi 3

Start from the beginning
                                    

ကျွန်တော့်ဆီကို ပါးပါးက လာတွေ့တဲ့အခါမှာလည်း မားမားက ကြည်ကြည်ဖြူဖြူနဲ့ ပေးတွေ့လေ့ရှိပါတယ် ပါးပါးမကောင်းကြောင်းလည်းမပြောသလို ကောင်းကြောင်းလည်းမပြောပါဘူး ရန်စကားတွေလည်း ခွန်းတုန့်မပြောချင်သူမို့ ဘယ်တော့မှလည်း ထွက်မတွေ့ပါဘူး ပါးပါးကို မခေါ်မပြောပေမယ့် ပါးပါးဘက်က ဖိုးဖိုးဖွားဖွားတို့ ပါးပါးညီမတို့ကို ဆိုရင်လည်း ဆွေမျိုးရင်းချာလို ဆက်ဆံပါတယ် နှစ်သစ်ကူးရောက်တိုင်း ကျွန်တော့်ကို ခေါ်ပြီး ပါးပါးဘက်က ဖိုးဖိုးဖွားဖွားတွေကို သွားပြီး  ဂါရဝပြု လေ့ရှိ ပါတယ်

ဖိုးဖိုးဖွားဖွားကတော့ မားမားမျက်နှာကြောင့် နှစ်သစ်ကူးတိုင်း သားမိုက်လို့သတ်မှတ်ပြီး ပါးပါးအိမ်ပြန်လာခွင့် ပိတ်ထားတာပါ မားမားနဲ့ ကျွန်တော့်ကိုလည်း အရင်လို ချစ်ခင်ပါတယ် ကျွန်တော့်ရဲ့ ကျောင်းစရိတ်တွေကို ထောက်ပံ့ချင်ပေမယ့် မားမားက လက်မခံတဲ့အတွက် ကြောင့် ကျွန်တော့်ကို ပေးဖို့ရည်စူးထားတဲ့ ထောက်ပံ့ကြေးတွေကို ဖိုးဖိုးဖွားဖွားက အမြဲ ဘဏ်မှာ အပ်ထားပေးတာပါ ကျွန်တော် အသက် (၂၅)ပြည့်ရင် ကျွန်တော့်ကို လွှဲပေးမယ်ပြောပါတယ်

ကျွန်တော့်အသက် ငါးနှစ်ကျော်လောက်မှာ ငယ်ငယ်တုန်းက လက်ဝှေ့ထိုးတုန်းက ခေါင်းမှာထိခိုက် ဒဏ်ရာရထားဖူးတဲ့ ဒဏ်ကြောင့် ဦးနှောက်ထဲ သွေးခဲဖြစ်ထားဖူးတာကနေတဆင့် အဲဒီသွေးခဲကို ခွဲစိတ်ဖယ်ရှားဖို့လုပ်ရင်း ပါးပါး ဆုံးပါးသွားခဲ့ရတာပါ လက်ဝှေ့ချန်ပီယံတစ်ဦးရဲ့ သားပီပီ ကျွန်တော်ကလည်း လက်ဝှေ့ကို အရမ်းဝါသနာပါ ပါတယ် ဘာလုပ်ချင်လဲမေးရင် လက်ဝှေ့ထိုးချင်တာပါပဲ လက်ဝှေ့ထိုးရရင် ပင်ပန်းပေမယ့် စိတ်ကျေနပ်မှု အပြည့်အဝရပါတယ် ဒုတိယဝါသနာကတော့ ကတာပါ ကနေရရင်လည်း ကျွန်တော်ပျော်ပါတယ် ဆိုင်ကယ်တို့ စကိတ်တို့လည်း ကြိုက်ပါတယ်

မားမားက ကျွန်တော် ကို ငယ်ငယ်တည်းက ဝါသနာပါတာ အားလုံး ပံ့ပိုးပေးပါတယ် နွေရာသီကျောင်းပိတ်ရက်တိုင်း ပါးပါးဘက်က ဖိုးဖိုးဖွားဖွားတွေဆီပို့ပေးပြီး လက်ဝှေ့ထိုးသင်တာ အကသင်တာ အားလုံးကို လုပ်ခိုင်းပါတယ် ရွာမှာ အဲလိုသင်တန်းတွေ မရှိတာမို့ နွေရာသီပိတ်ရက်တိုင်း ကူမင်းမြို့ပေါ်မှာ လက်ဝှေ့ထိုးသင်တန်း နဲ့ အကသင်တန်း တက်လာတာ ကျွန်တော့်အသက် ရှစ်နှစ်ကတည်းပါ အရမ်းဝါသနာပါတာမို့ နွေရာသီမှာ သင်လာသမျှကို တစ်နှစ်ပတ်လုံး အိမ်မှာ အမြဲလေ့ကျင့်ပါတယ် မားမားက ကျွန်တော့်ကို ဘယ်လောက်ထိ ပံ့ပိုးပေးသလဲဆိုရင် အိမ်မှာ လက်ဝှေ့လေ့ကျင့်ဖို့ ပစ္စည်းကိရိယာ အစုံအလင်နဲ့ အခန်းတစ်ခန်း အကလေ့ကျင့်ဖို့ မှန်အပြည့်နဲ့ အခန်းတစ်ခန်း အိမ်ဝန်းထဲမှာ ထပ်တိုးအဆောင်လေး ထပ်ဆောက်ပြီး ကျွန်တော့်ကို ၁၀နှစ်ပြည့် မွေးနေ့လက်ဆောင်ပေးခဲ့တာပါ အရမ်းချစ်ဖို့ကောင်းတဲ့ မားမားပါ

NeverWhere stories live. Discover now