"ဆေးလိပ်လည်းမသောက်ထားဘူး အရက်လည်းမသောက်ထားဘူး"
"ယွန်ဂီလေးက လိမ်မာသားပဲ"
"ခင်ဗျားရဲ့ယောကျာ်းဖြစ်လာရင်ပိုတောင် လိမ်မာမှာ"
"ဘာပြောလည်း..."
"သွားတော့မယ်"
ရှက်ရမ်းရမ်းပြီး ဆိုင်ကယ်မောင်းထွက်သွားသောကောင်လေးကြောင့်ဂျီမင်ရယ်လိုက်မိသည်။
ဒီကလေး ကိုယ့်ကိုကိုယ်အရမ်းထိန်းချုပ်လာနိုင်ပြီပဲ။
"ယွန်ဂီပြန်လာပို့တာလားသား"
"ဟုတ်တယ်မေမေ"
"သားရဲ့ညီရောဘယ်လိုနေလည်းမသိဘူး"
"သူကအဆင်ပြေပြေပါပဲ"
"တော်သေးတာပေါ့ကွယ်"
မေမေနဲ့စကားခဏပြောပြီးအပေါ်ထပ်အခန်းသို့တက်လာကာ တံခါးပိတ်ပြီး အိပ်ယာပေါ်လှဲချကာ သက်ပြင်းအသာချလိုက်မိသည်။
ဂျောင်ကု၏သတင်းကိုသူ
လက်လှမ်းမှီသလောက်စုံစမ်းထားခဲ့ပြီးသားပင်။
ယွန်ဂီကိုလည်း အတင်းမေးထားသောကြောင့် ဂျောင်ကုဘာတွေလုပ်နေမှန်းဂျီမင်သိသည်။
ယွန်ဂီကတော့ အလိုက်တသိဖြင့် ရှောင်သင့်တာတွေရှောင်လာပေမဲ့ ဂျောင်ကုကတော့ အခြေအနေပိုပိုဆိုးလာသည်။
သူတစ်ခုခုလုပ်သင့်ပြီးထင်သည်။
သက်ပြင်းအသာချပြီးရေချိုးရန်သာပြင်ဆင်လိုက်သည်။
"ညစျေးတန်းသွားချင်တယ်မောင်"
ဆိုင်ကယ်ဦးထုပ်ဆောင်းပေးနေသောမောင့်ကိုကြည့်ပြီးပြောလိုက်တာကြောင့် မောင်ကခေါင်းတစ်ချက်ညိတ်လိုက်သည်။
"ပြီးတော့ ကြက်ကြော်နဲ့ ဆိုဂျူးသောက်ချင််တယ်"
"ဖြစ်စေရမယ် ဆိုင်ကယ်ပေါ်တက်"
"ဟီး....."
ဆိုင်ကယ်ပေါ်သို့တက်လိုက်ကာ မောင့်၏ခါးကိုတင်းနေအောင်ဖက်ထားလိုက်သည်။
ပြုံးရိပ်သန်းနေသော ဂျောင်ကု၏မျက်နှာကိုတော့ ထယ်ယောင်းမြင်မည်မဟုတ်ပေ။
ညစျေးတန်းမှာလူစီကားနေသည်။ လိမ္မော်ရောင်မီးလုံးများက လမ်းဘေးပတ်ပတ်လည်လင်းနေပြီး စားစရာများမှာစုံလင်နေသည်။
YOU ARE READING
Loading.. [COMPLETE]
Fanfictionမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...
Part-9
Start from the beginning
![Loading.. [COMPLETE]](https://img.wattpad.com/cover/315002051-64-k572191.jpg)