ခေါင်းညိတ်ပြီးထွက်သွားသောကျောပြင်ကိုကြည့်ပြီး အတန်းထဲဝင်ကာ နေရာတွင်ဝင်ထိုင်ပြီး မှောက်အိပ်နေလိုက်သည်။

ဆော့ဂျင်မှာတော့ ထုံးစံအတိုင်း ဂျူနီယာတို့အဆောင်တွင် ဖွန်သွားကြောင်နေဟန်ပင်။
အဲ့ဒီကောင်ကိုလည်း မနိုင်လို့ လွှတ်သာလွှတ်ထားလိုက်ရသည်။

"ဟေ့!"

"အာ....လန့်လိုက်တာကွား ဖြည်းဖြည်းသာသာခေါ်ပါလား"

"ဟဲဟဲ ငါ့crushနဲ့အဆင်ပြေလာတယ် သူငါ့ကိုရေသန့်ဘူးအခွံပစ်ခိုင်းလိုက်တယ် ဒီမှာကြည့်"

သူ့crush နမ်ဂျွန်က သူ့ကိုရေသန့်ဘူးခွံပစ်ခိုင်းတာကို ဆော့ဂျင်က ဂုဏ်ယူစွာဖြင့်ပြောနေတာကြောင့် ထယ်ယောင်းခေါင်းပင်အသာရမ်းကာ စာပြန်ကြည့်နေလိုက်သည်။

တကယ်ပင် သူ့သူငယ်ချင်းက ဆေးမမှီတော့ပါ။

Rizl Hospital...

Rizlဆိုတာ ဂျီမင်တာဝန်ကျသည့်ဆေးရုံပင်။
ထိုဆေးရုံရှေ့တွင် ယွန်ဂီ ထိုင်စောင့်နေသည်မှာ တစ်နာရီပင်ရှိပြီး။

Night dutyရှိတာကြောင့် ညကတည်းကညဆေးရုံထဲဝင်သွားတာခုထိထွက်မလာ။
နာရီကိုကြည်လိုက်တော့.. 11:21

"ကျစ်....ကြာလိုက်တာ"

"ဘာတွေအလိုမကျနေတာလည်းယွန်ဂီလေး"

Duty ကုတ်ကိုဝတ်ပြီး မျက်မှန်အဝိုင်းဖြစ်ထွက်လာသည့် ဂျီမင်ကြောင့်ယွန်ဂီထရပ်လိုက်သည်။

"ပြန်မယ် ခင်များကိုလာကြိုတာ"

"အတန်းမတက်ဘူးလာ"

"မတက်ချင်ဘူး စကားမများနဲ့ဗျား သွားမယ်"

"ဟုတ်ပါပြီးကွား"

Duty ကုတ်ကိုချွတ်ပြီး လက်တွင်ကိုင်ထားကာ ဆိုင်ကယ်ပေါ်ခွတက်လိုက်သည်။

ယွန်ဂီမှာသူကြောက်တတ်မှန်းသိပုံပင်။ ဖြည်းဖြည်းလေးသာမောင်းပေးနေသည်။
min30ခန့်ကြာတော့အိမ်ရှေ့မှာ ရပ်သွားသည်။

"ရေချိုးပြီးနားလိုက်တော့"

"ခဏနေအုံး.ယွန်ဂီလေး"

အနားသို့ကပ်သွားကာ သူ၏နှုတ်ခမ်းနှင့် ရင်ဘတ်တစ်လျှောက်အား မထိတစ်ထိအနံ့ခံနေသောကြောင့် ယွန်ဂီအနောက်သို့တစ်လှမ်းခန့်ဆုတ်လိုက်သည်။ ပတ်ဂျီမင်က သူ့ကိုရူးအောင်လုပ်နေတာ။

Loading.. [COMPLETE]Where stories live. Discover now