ခုနောက်ပိုင်း အစ်ကိုက အားရင်အားသလို ညီညီ့ကို ဗွီဒီယိုကောလ်ခေါ်တတ်သည်။ ခေါ်ပြီး ကြည့်နေတာများပြီး စကားသိပ်မပြောတော့ ညီညီကသာအများဆုံးပြောရသည်။ နှစ်ယောက်စလုံးပြောစရာမရှိဘဲ ငြိမ်နေတဲ့အခါ ဖုန်းချသလားဆိုတော့မချ။ ဒီတိုင်းထိုင်ကြည့်နေပြန်ရော။ အဲ့တာ ဒင်နာကျွေးချင်လို့အချိန်ပေးပါလို့ ခွင့်တောင်းတော့အချိန်မရွေးပါပဲတဲ့။

"ရောက်နေတာကြာပြီလား"

"ခုနကမှ အစ်ကို။ သက်နှင်း လာ ထိုင်"

"ဘယ်လိုခံစားချက်ပါလိမ့်နော်။ တစ်ခုခုတော့ခံစားမိနေတယ်"

မီနူးကနေ အစုံပလုံမှာလိုက်သည်။ ပင်လယ်စာဆိုင်မို့မီနူးဟင်းကပင်လယ်ထဲကအသားငါးဟင်းတွေပေါ့။

"ပြောပါဉီး ရုတ်တရက်ကြီးညစာကျွေးချင်ရတဲ့ကိစ္စ"

"စားရင်းပြောမယ်လေ"

ညစာအတူစားရုံမဟုတ်ဘဲ ပြောစရာတစ်ခုရှိနေသည်ဆိုသောအခါ အစ်ကိုရောသက်နှင်းရော မျက်ခုံးတွေကိုယ်စီပင့်လျက်။

"အစ်ကိုလည်း ညီညီ့ကိုပြောစရာရှိတယ်"

"ဟုတ်"

ဟင်းပွဲတွေတစ်ပွဲပြီးလာချပြီးနောက် ညီညီတို့ညစာလက်ဆုံစားကြသည်။ ညီညီတို့ဝိုင်းမှာ အစ်ကိုပါနေတဲ့အတွက် ထုံးစံအတိုင်း လူတွေ
လှည့်လှည့်ကြည့်ကြပြန်ပါ၏။ အစ်ကို့အတွက် တမင်တကာ လူနည်းလောက်မည့်ဆိုင်ရွေးထားတာမို့ အိန္ဒြပျေက်လောက်ရသည်အထိ လူတွေကွက်ကြည့်နေတာမျိုးတော့မရှိ။ "ဟိုမှာ အဆိုတော်သက်ထင်လေ"ဆိုတာလောက်နှင့်သာ ပြန်လှည့်ကုန်ကြသည်။

"ဟဲ့ ပြောတော့လေဟာ"

"အင်း"

ခေါင်းတစ်ချက်ညိမ့်ပြီး ဝါးလက်စအစားလုပ်ကို မြိုချကာ လည်ချောင်းရှင်းလိုက်သည်။ ညီညီ့ရှေ့ကမောင်နှမနှစ်ယောက်စလုံးက မျက်လုံးလေးတွေပင့်ကြည့်ကြလျက်။

"ကျွန်တော် ကိုရီးယားကိုသွားဖို့ဆုံးဖြတ်လိုက်ပြီ။ မေမေက ဟိုမှာအကုန်ပြင်ဆင်ပြီးပြီတဲ့။ ခုတော့ ကိုယ်ကိုယ်တိုင် ကိုယ့်စိတ်ကိုသိလာတာနဲ့ ကျွန်တော်ကိုယ်တိုင်ဖြေချင်စိတ်ပေါက်လာတော့ မသွားခင် အစ်ကိုတို့ကိုနှုတ်ဆက်သွားချင်တာနဲ့"

IDOLWhere stories live. Discover now