'ထောက်စူး'ဟာ တစ်ဖက်လူရဲ့ အသားခပ်နက်နက်ထဲအထိ စိုက်ဝင်သွားဟန်ရှိပြီး၊ နီဆွေးတဲ့သွေးစက်တွေဟာ ဖြူလွှလွှရှပ်အင်္ကျီပေါ်မှာ တစတစပျံနှံ့လို့လာတယ်။

အဲ့ဒီနောက်မှာတော့ အမွှာညီမနှစ်ယောက်ရဲ့မျက်နှာဟာ သွေးစက်တွေကိုကြည့်ပြီး အလွန်ကိုစက်ဆုပ်ရွံ့ရှာသွားဟန်နဲ့ 'Peter'ကိုတွန်းတိုက်ကာ အခန်းထဲကထွက်သွားတော့တယ်။

"Peter ဆိုတဲ့ လူမဲ ကောင်က ေ×ာက်ရမ်းကို ရွံ့စရာကောင်းလွန်းတယ်"

နောက်ဆုံးမှာတော့ လူသူကင်းမဲ့ပြီး မသတီစရာချဉ်စုပ်စုပ်အနံ့တွေနဲ့ ပြည့်နှက်နေတဲ့ အခန်းထဲမှာ ကျန်ခဲ့သူက'Peter'ပဲ။ ကောက်ကွေးပြီး ဘောလုံးတစ်လုံးလိုဖောင်းတက်နေတဲ့ ဆံပင်က ကတ်ကြေးနဲ့ကိုက်ဖြတ်ခံရတာကြောင့်ပုံမကျပန်းမကျ။ ခပ်ကြီးကြီး၊ခပ်ထူထူ
နှုတ်ခမ်းနဲ့ 'ချောကလက်' ရောင်အသားအရည်ဟာ၊ ဖြူပြီးနီစပ်စပ်ဖြစ်နေတဲ့အသားအရည်နဲ့ဒေသခံကျောင်းသားတွေအတွက် မွန်းစတားတစ်ကောင်လိုပဲ။

မတူကွဲပြားခြင်းတွေမှာ အချိုးအစားတွေမညီမျှလေတော့ ကွဲပြားခြင်းဟာအပြစ်ဖြစ်လာတယ်။ပုံသေဖြစ်နေတဲ့ အတွေးအခေါ်တွေနဲ့၊ ခေါင်းဆေးခြင်းပညာရပ်ကို ငယ်စဉ်ကတည်းက ကျွမ်းဝင်နေသူတွေဟာ ကွဲပြားခြင်းတွေရဲ့ လှပမှုကိုမမြင်နိုင်တော့ပေ။

သေဆုံးနေပြီဖြစ်တဲ့ မျက်ဝန်းတွေနဲ့'Peter'ဟာနာကျင်မှုကြောင့် တစ်ချက်မျှ ညည်းညူလိုက်ပြီး အသားထဲစိုက်ဝင်နေတဲ့ 'ထောက်စူး'ကိုဆွဲထုတ်လိုက်တယ်။ချွန်ထက်အောင် အထူးပြုလုပ်စီမံထားတဲ့ ထောက်စူးချွန်က'Peter'ရဲ့အသားတွေကိုထိုးခွဲကာ ပြန်ထွက်လာပြီး၊ကျန်ခဲ့တဲ့အခေါင်းပေါက်ကနေ သွေးတွေစီးကျလို့လာခဲ့တယ်။

အဲ့ဒီနောက်မှာတော့ 'Peter'ဟာ ထို 'ထောက်စူး'ကို အိတ်ထဲထည့်သိမ်းလိုက်ရင်း အိမ်ကိုပြန်လာခဲ့လိုက်တော့တယ်။

မြို့ငယ်လေးရဲ့လမ်းမပေါ်မှာ သွေးတွေစွန်းပေနေတဲ့ ရှပ်အင်္ကျီအပါးလေးဖြင့်အအေးဒဏ်ကိုအံတုကာ ဘီးတစ်ဖက်ပိန်နေတဲ့စက်ဘီးကိုတွန်းလာတဲ့ 'Peter'ရဲ့ပုံရိပ်က သွားလာနေတဲ့လူတွေကို မှင်သက်သွားစေတယ်။

NightmaresWhere stories live. Discover now