"ဟယ်လို ဂုဏ်ရည်ညီညီရေ"

ရေးလက်စ ခဲတံလေးရပ်သွားသည်။ အတွေးတွေ ညီညီ့ဆီရောက်နေတုန်းမှာ ညီညီ့နာမည်ကြားရတာ ရင်ထဲတောင်ထိတ်ခနဲ။ နောက်လှည့်ကြည့်တော့ သက်နှင်းကဖုန်းကိုကြည့်ပြီး နာမည်ကိုရွတ်နေတာ။ တမင် ဗွီဒီယိုကောလ်ပြောနေတာများလား။

"သက်နှင်း။ မခေါ်စဖူးခေါ်လို့ပါလား"

"ငါပျင်းလို့ ခဏ... ခဏ အစ်ကို့အခန်းထဲရောက်နေတာ။ ငါအပြင်ထွက်လိုက်ဉီးမယ်"

သက်နှင်းကပြောရင်းကုန်းထလေသည်။

"ဟုတ်လား။ အစ်ကိုဘာလုပ်နေ"

ညီညီ့အသံကြည်ကြည်လေးက သူ့ကိုမေးလာသည်။ ကြားရတာနဲ့တင် ပျော်မိသွား၏။

"သီချင်းရေး"

"ဟေ့ သက်နှင်း ဘယ်သွားမှာလဲ လာဒီနားပြန်ထိုင်"

တံခါးဝနားရောက်နေတဲ့ သက်နှင်းက ဘာလဲဆိုတဲ့အကြည့်နဲ့ပြန်ကြည့်သည်။ ပြောချင်ရင် အစောကတည်းက အပြင်ဘက်ကနေပြောလာပါ့လား။ လူရှေ့မှာ လူကိုအာရုံလွှဲပြီးမှ ထွက်သွားလို့ရမလား။

"ဖုန်းပြောတာအသံကျယ်နေမှာစိုးလို့ အပြင်ထွက်မလို့လေ။ သီချင်းရေးနေတာဆို"

"မဖြစ်ဘူး လာ ငါ ညီညီနဲ့ပြောချင်လို့"

ထိုတော့မှစောင့်စောင့်နဲ့ ပြန်ရောက်ချလာ၏။

"ပေး ဖုန်း"

လက်ထဲဖုန်းရောက်လာတော့ ညီညီကတခြားဆီကို​ကြည့်နေတာမို့ ခဏစောင့်နေလိုက်သည်။ ရေချိုးပြီးစထင်သည်။ ဆံစတွေဆိုတာ စိုအိအိနဲ့နဖူးစပ်တွေမှာဝဲကျနေပြီး မျက်နှာလေးကနုနေသည်။ အဝတ်မလဲရသေးဘူးထင်၏။

Bathrobe လည်းဝတ်ထားတာကလည်း လျော့ရဲရဲ။ လည်တိုင်လေးကဝင်းမွှတ်နေပြီး ညက်ရိုးပင်တစ်ခါတစ်ခါပေါ်လုချင်ချင်။ ဖုန်းစခရင်ကမြင်နေရတော့ အရမ်းကြည်လင်မနေပေမယ့် မြင်ဖူးနေကျပုံနဲ့ အနည်းငယ်တော့ကွာခြားနေသည်။ ညီညီက လည်ပင်းကနေ ခြေမျက်စိအထိ နေရာအကြားအလပ်မရှိအလုံပိတ်ဝတ်တတ်တဲ့သူ။ ခုလိုအသားပြင်တွေပေါ်နေတော့လည်း မြင်ရတာဆန်းသည်။

IDOLWhere stories live. Discover now